Arc (1.7)

10.8K 831 29
                                    

Unicode

Sofaပေါ်တွင် ဝမ်ရီပေါ်က ထိုင်နေကာ ဝမ်ရီပေါ်ရဲ့ပေါင်ပေါ်မှာတော့ ရှောင်ကျန့်က လှဲနေသည်။ဝမ်ရီပေါ်ဟာ ​ရှောင်ကျန့်ရဲ့ ဆံပင်တေကို သပ်ပေးကာ
"ကလေး မနက်ဖြန်ညကျရင် ကိုယ်နဲ့ Party တစ်ခုတက်ရမယ်''

"ဘယ်Partyလဲ?''

"ကိုယ့် အဖေရဲ့ Company ကကျင်းပတာ အင်းးးဘယ်နှစ်နှစ်ပြည့်ဆိုလား''
ဝမ်ရီပေါ်ဟာ အတည်ကြီး ပြောချလာတာမို့ ရှောင်ကျန့်လဲ
"အဲ့လောက်တိကျနေတော့ တက်ချင်စိတ်တောင်ပေါက်သွားပိီ''ဆိုပြီး ခပ်ရွဲ့ရွဲ့ဖြေလိုက်တယ် ဟုတ်တယ် သေသေချာချာမပြောဘူး ပြောင်တိပြောင်ချော် နဲ့...

"စတာပါကွာ မနက်ဖြန် ပါးမွေးနေ့လေ အဲ့တော့ ကိုယ်မသွားလို့မှ မရတာ...''

"အာ့ဆိုလေ ကျွန်တော့အမကိုပါ ခေါ်သွားချင်တယ်''

"ဘာလို့လဲ''

"မမလဲ အိမ်မှာပျင်းနေမှာပေါ့ ဘာပဲ ဖြစ်ဖြစ် အဲ့ပွဲတက်ရင်း မမရည်းစားတေဘာတေရသွားလဲ ကောင်းသွားတာပဲ''

"အင်း အင်း ကလေးသဘော''

"ပြီးတော့ ဒီနေ့လေ ကျွန်တော်မမဆီသွားချင်တယ်''ဆိုကာ Puppy eyes များဖြင့် ပြောလိုက်တော့ အစက ငြင်းမယ်လို့လုပ်ထားတဲ့ ဝမ်ရီပေါ်ဟာ အရည်ပျော်ကျကာ..

"ဟုတ်ပါပီ ဘယ်အချိန်သွားမလဲ''

"အင်းးးညနေလောက်..''

"ဟုတ်ပါပီဗျာ အခုဘာစားချင်လဲ''

"အသားကင်''

"ဟုတ်ပီ ကိုယ်သွားလုပ်ပေးမယ်''

"ကျွန်တော်လူကြီးအတော်ဆုံးပဲ''

"အဲ့ဆိုချစ်ဘူးလား''

"ချစ်တာပေါ့ အရမ်းချစ်တာ အခုအသားကင်ပေးလို့ ပိုချစ်သွားပီ''

ဝမ်ရီပေါ်သည် ရှောင်ကျန့်ရဲ့စကားများကြောင့် ပျော်ရွှင်စွာ ရီပြလိုက်သည် သူ့ကလေးက သူ့ရဲ့ပျော်ရွှင်ရာလေး မြတ်နိုးရာလေး

"ဟုတ်ပါပီ စကားနဲ့မသတ်လဲသေပါတယ် အခုပဲသွားကင်လိုက်မယ် ဟုတ်ပီလား''

"ဟိဟိ ဟုတ်''

[Host မကောင်းဘူး]

'ဘာလဲ အစမရှိအဆုံးမရှိ'

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now