Unicode
9တန်းစာမေးပွဲဖြေဖြေပြီးချင်း ကျမ အရမ်းတက်ကြွနေတယ်။အရမ်းလဲပျော်တယ်။ ဆရာမက အသင်အပြလဲကောင်း စာလဲ အကုန်ရပြီးသားမို့ အတန်းကောင်းကောင်းရမှာသေချာသည်။ တကယ်တော့ အတန်းကို ကျမဂရုမစိုက်ပါဘူး ။ အောင်ရင်သာ ကျေနပ်တယ်။
.
စာမေးပွဲဖြေပြီးတော့ လမ်းမှာတွေ့တဲ့ မိတ်ဆွေတွေရော အမျိုးတွေ ကရောပြောကျတယ် ၁၀တန်းကျောင်းသူကြီး ဖြစ်တော့မှာပေါ့ ၊ ဂုဏ်ထားဘယ်နှစ်ခုမှန်းထားလဲ စသဖြင့်ပေါ့နော်
တကယ်တော့ ကျမ ၁၀တန်းဆိုတာကြီးကို ဂရုမစိုက်ပါဘူး ၉တန်းလိုပဲ အချိန်တန် အောင်မယ်မှန်း ကျမကိုကျမ သိနေတယ်။ တကယ်ကို ကျမတက်ကြွနေခဲ့တာ ၊ ၃လပိုင်းတောင်မကုန်သေးဘူး ကျူရှင်တက်ချင်လို့ ရွပိုးကိုထိုးလို့ ၊၄လပိုင်းတစ်ရက်နေ့ကျတော့ ကျူရှင်တက်ချင်လို့ လိုက်စုံစမ်းတော့ နာမည်ကြီးကျူရှင်ေတွရော ၊ကျမအမတက်ခဲ့ဖူးတဲ့ ကျူရှင်ရော မဖွင့်သေးဘူး။ အဲ့တာနဲ့ အမေ့အသိ ညွှန်းတဲ့ ကျူရှင်ကို ရောက်သွားတယ် ။ ဆရာတွေက သဘောကောင်းတယ်ပေါ့ ။ရောက်သွားတော့ တကယ်လဲ သဘောကောင်းပါတယ် ။ ရောက်သွားတော့ ဖောင်ဖြည့်ခိုင်းတယ်။ ဂုဏ်ထူး ဘယ်နှစ်ခုမှန်းထားလဲတဲ့ ။
"Math, physic, biology"လို့ရေးခဲ့တယ်။ ဆရာကလည်းကြည့်ပြီး သဘောတွေကျနေသည်။ကျမ ပထမဆုံးသင်တာ englishပေါ့ ဆရာက အသက်၆၀လောက်ရှိပြီ grammarတွေ သင်ပေးတယ် ။ ၄လပိုင်းသက်ြန်မရောက်ခင်အထိ eng တစ်မျိုးပဲ သင်ရတယ်။ သက်ြန်ရောက်တော့ ပိတ်ရက်ရတာနဲ့ အမျိုးတွေဆီသွားလည်ကြတယ်။ ၁၀ရက်လောက်။ ကျူရှင်က ၁၀ရက်မပိတ်ပေမယ့် အပိုခွင့်ယူခဲ့တယ် ။
အမျိုးအိမ်ရောက်တော့ အမျိုးတွေက ဝတယ် ။ဝိတ်ချအုံး။နင်ဘယ်လိုလုပ် ယောက်ျားရမှာလဲ အဲ့ပုံနဲ့ ။ကျမေယာကျ်ားဆိုတာကို တကယ်ဂရုမစိုက်ပါဘူး ။ မယူပါဘူး ။ ဘာလို့ယူရမှာလဲ။ စသဖြင့်သာ ကျမခံပြောခဲ့တယ် ။ ကျမကို သူတို့ အပြောလွန်လို့ ကျမ ခေါင်းအုံးတွေကို အပြင်လွှတ်ပစ်ပြီး အဲ့ဒီ့နေ့တစ်ညလုံး မျက်ရည်လည်ရွဲဖြစ်ခဲ့သေးတယ် ။ ဒါပေမယ့် ကျမ ကိုယ့်ဘာသာကိုဝတယ်မထင်သေးဘူး ပြည့်ရုံလောက်ပေါ့ ။ ကျမ အရပ်က ၅ပေ၃လက်မခွဲ ပေါင်ချိန် ၁၃၅ ကျမခန္ဓာကိုယ်ကိုကျမကြိုက်တယ် ဘယ်သူတွေဘယ်လောက်ပြောပြော။
YOU ARE READING
He crushed my soul (Completed)
Romanceလူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ခဲ့ဖူးလား Base on true story This is my owncreation Peachရဲ့ ဒုတိယ ficလေးပါ။ ဝေဖန်အကြံပြုပေးကြပါအုံးနော်။ Zawgyi unicodeနှစ်မျိုးလုံးတင်ပေးထားပါသည်။