Chapter 2

1.1K 43 4
                                    

Unicode

ဒီနေ့ကျောင်းကို အစောကြီး လာလိုက်တာ ကျောင်းရှေ့မှာ အရင်က သူငယ်ချင်းတွေနဲ့ ပြန်တွေ့သည်။

ကျမ ကျောင်းကို စောရောက်လာလို့ အခန်းတံခါးတောင်မဖွင့်သေးဘူးအပြင်မှာရပ်‌ေစာင့်‌ေနရသည်။ ကျမလိုပဲ ခုံနေရာဦးဖို့ တော်တော်များများက စောစောလာကြသည်။ အပြင်မှာ 6တန်းထဲက8တန်းအထိကျူရှင် အတူတူတက်ခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်းကိုပြန်တွေ့သည်။ကျမကဖော်ဖော်ရွေရွေသွားနှုတ်ဆက်တယ် ဒါပေမယ့်သူက အရင်ကလောက်မဖော်ရွေ‌‌ေပ သူ့ဘေးနားမှာ သူငယ်ချင်းတစ်ယောက်နဲ့ ။ သူမက အခြားတစ်ယောက်လက်ကိုကိုင်ထားသည်။
ကျမ စိတ်ထင်တာလဲ နေမှာပါ သူနဲ့က ဝေးကွာသွားသလိုပဲ ကိုက အမြဲစိတ်ထဲရှိခဲ့ပေမယ့် ။သူမက 9တန်းတုန်းက ကျူရှင်တစ်ခုထဲ အတန်းတစ်ခုထဲမှာ တက်ခဲ့တာတဲ့လေ ။ သူမကျမကို မခင်တော့ပါဘူး အတူတူ ထိုင်ကြရအောင်ပြောပေမယ့် ။ အခန်းတံခါးဖွင့်တော့ ခုံလုကြတာ သူတို့နား ကျမမကပ်ခဲ့ဘူး ။ အခြားခုံတစ်ခုရွေးထိုင်လိုက်သည်။ ကျမထိုင်တာလည်း ကျမနဲ့ ရင်းနှီးတဲ့ မျက်နှာတွေပါပဲ ကျမနဲ့မရင်းနှီးပေမယ့်ပေါ့။သူတို့ကလည်း နှစ်ယောက်တွဲ နေရာတစ်နေရာရခဲ့သည်။

ဒီအခိုက်အတန့်မှာ မပြောတတ်တဲ့ ဝမ်းနဲမှုကြီး ကျမကိုကြီးစိုးသွားသည်ထင်ပါတယ်။ ဘေးက သူတွေ စကားပြော‌ေနပေမယ့် ။ကျမက နားထောင်သူသာဖြစ်ခဲ့သည်။

သူတို့က "နင်ဘာလို့ ဘာမှမပြောတာလဲ"

ကျမကပြုံးလျက်သာ "ငါဘာပြောရမှာလဲ ပြောစရာမှမရှိတာ"

သူမတို့ကလည်း အမြဲတမ်း သူတို့အချင်းချင်းပဲစကားပြောနေကြသည်။ တကယ်တော့ သူတို့အပြစ်လည်းမဟုတ်ပါဘူး ကျမလည်း မပြောတော့ သူတို့က လျစ်လျူရှုလိုက်ကြတယ်ထင်ပါတယ် ။ အပေါင်းအသင်းမရှိတော့ ကျမလည်းသိမ်ငယ်လာတယ်ထင်ပါရဲ့ ။ မျက်နှာအမြဲတမ်းတည်တည်နဲ့ မုန့်ဈေးတန်းလည်းတစ်ယောက်တည်း တစ်ခါတလေ အိမ်က ယူလာတဲ့ မုန့်ကို သာတစ်ယောက်ထဲ ထိုင်ပြီးစားနေခဲ့သည်။ တစ်ခါတလေလည်း သူတို့နဲ့မှာလိုက်သည်။ သူတို့နဲ့ စကားမပြောပေမယ့် ဘေးမှာရှိတဲ့ အတန်းဖော်အချင်းချင်းရိုင်းပင်းတဲ့စိတ်ရှိသေးတာတော့ တော်သေးတယ် ပြောရမည်။ ကျောင်းသားဘဝဆိုတာ စာသင်တာထက် စကားသံတွေနဲ့သာ အမြဲပြည့်‌နှက်နေတာမလား။  ။ကျမမှတ်မိသေးတယ် အခန်းမှာပတ်ပြေးဆော့ကြ ၊ မုန့်ခိုးစားကြ ၊ကျောင်းမှာ ဘော်ကြယ်ထိုးဖို့ ကပ်ကြေးလှလှလေးဝယ်ထားတာကို ဆရာမသိမ်းသွားတာ‌ကိုရောပေါ့။အခု‌တော့ ကျမတစ်ကမ္ဘာလုံးက မှောင်မိုက်တိတ်ဆိတ်လို့။

He crushed my soul (Completed)Where stories live. Discover now