Unicode
ဘယ်သူနဲ့မှ စကားမပြောတဲ့ကျမအတွက် မျက်လုံးများကသာ ကျမအတွက်အဖော်မွန်။ တစ်ခါတလေ မျက်လုံးတွေက သူထိုင်နေတဲ့ ပြတင်းပေါက်ဘက်ကို ရောက်ရောက်သွားပြီးသူနဲ့အကြည့်ချင်းစုံလျှင် အပြင်ဘက်ကိုကြည့်သလိုလိုနဲ့သာလုပ်လိုက်ရသည်။
စာမေးပွဲကျတဲ့ ပထမလမှာ မိဘခေါ်လိုက်ရပေမယ့် နောက်လတွေမှာ ၃ဘာသာကနေ ၄ဘာသာအထိ ကျလာသည်။ဒါပေမယ့် မိဘမခေါ်ခိုင်းတော့တာနဲ့ ကျမ အမေ့လက်မှတ်တွေကို အမြဲလိမ်ထိုးခဲ့သည်။ အိမ်ကိုတော့
"ကျောင်းက report cardမပေးတော့ဘူး"
ကျမကျောင်းတွေလည်းခနခနပျက်လာသည် တလမှာ နှစ်ပတ်လောက်၊ တစ်ခါတလေ တကယ်ဖျားပေမယ့် ကျောင်းမသွားချင်လို့ ဖျားဟန်ဆောင်နေခဲ့တာလည်းရှိသည်။ ကျမကျောင်းကိုတကယ်မုန်းမိသည်။ အခုဆို ကျမနဲ့ဘယ်သူမှလဲစကားမပြော အရိုက်လဲခံရအရှက်လဲကွဲရနဲ့ ကျမတကယ်အထီးကျန်သည်။ စာသင်နေတဲ့အချိန်တွေဆို အဆင်ပြေပေမယ့် ။ဆရာမမရှိရင်တခန်းလုံးကဆူညံနေသည်။ အဲ့ဒီ့အချိန်ဆို ကျမ အိမ်သာကိုသွားသွားပြီးအချိန်းဖြုန်းတတ်သည်။ အိမ်သာနားမှာ အီစွတ်ကြိုး ခုန်နေကြတဲ့ မိန်းကေလးတစ်သိုက်ကလည်း အချိန်ခိုးပြီးဆော့နေကြတယ်နဲ့တူသည်။ ဒါပေမယ့် သူတို့ကတော့ သူငယ်ချင်းတွေနဲ့ပျော်ရွှင်လို့ ကျမကတော့တစ်ယောက်တည်း။******
ဆရာမက "နင်တို့တွေအရမ်းဆူတယ် စကားပြောတဲ့သူမက်တပ်ရပ် မက်တပ်ရပ်တဲ့သူက စကားပြောတဲ့သူကိုဆက်ရှာ ကြားလား"
"မေသံစဉ်" ကျမ ကြောင်ကြောင်ကြီး ဆွံ့အပြီး မက်တပ်ရပ်လိုက်ရသည်။ တကယ်ဆို ကျမစကားမပြောခဲ့ ဘေးနားက မေးလို့ ခေါင်းငြိမ့်လိုက်တာပဲ ရှိတာပါ။ ကျမမက်တပ်ထရပ်လိုက်မှ အစောကနဲ့ မတူ အခုတော့တိတ်ဆိတ်လို့ ဆရာမအတန်းချိန်တစ်ချိန်လုံးကျမမက်တပ်ရပ်လိုက်ရသည်။ ကျမ သူ့ရဲ့အရှေ့မှာ အရှက်နှစ်ခါကွဲသွားပြီ။တကယ်ဆို သူက ကျမကို ဂရုမစိုက်ပေမယ့် ၊ကျမက အခန်းထဲက သိတဲ့သူမရှိတဲ့ ဝတုတ်မပေမယ့် ။
.
သူကစာလဲတော်တယ် အခန်းထဲမှာ အနေအေးလားဆိုတော့လည်း မအေးဘူး တစ်ခန်းလုံးမှာသူ့အသံ၊ အပေါင်းအသင်းလဲများ မိန်းကလေးသူငယ်ချင်းများကလည်းများသည်။ ကျမနဲ့သူ စုံဖူးပေမယ့် ကျမက ယောကျာ်းလေးသူငယ်ချင်းလည်းမထား ၊သူငယ်ချင်းလည်းအလွယ်မထားတတ်တာကြောင့် သူနဲ့မရင်းနှီးပေ။
YOU ARE READING
He crushed my soul (Completed)
Romanceလူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ခဲ့ဖူးလား Base on true story This is my owncreation Peachရဲ့ ဒုတိယ ficလေးပါ။ ဝေဖန်အကြံပြုပေးကြပါအုံးနော်။ Zawgyi unicodeနှစ်မျိုးလုံးတင်ပေးထားပါသည်။