Chapter 11

659 28 0
                                    

Unicode

သူ့မီးစိမ်းလေးပိတ်တဲ့အထိ ကျမစောင့်ကျိနေမိသည်။ ကျမသူ့ကို ဖွင့်ပြောမယ် ဒါပေမယ့် သူလိုင်းပေါ်ရှိနေတဲ့ အချိန်တော့မဟုတ်ဘူး။ ကျမအတွေးတွေနဲ့ ပြည့်နက်နေပြီး နေ့အလင်း‌ေရာင်ကလည်းကွယ်ပျောက်လာပြီး တစ်ဖန် ညအလင်း‌ေရာင်ထွက်လာသည်။ သူလိုင်းမသုံးတဲ့ အချိန်ကို ကျမရွေးထားပြီး သူ့ကို စာများပို့လိုက်သည်။

"ငါ တကယ်တော့ နင့်ကိုချစ်နေခဲ့ရတာ"
" ဒီနေ့နဲ့ဆို သုံးလရှိပြီ ၊ ငါဘာမဆိုတွေးထားတယ် "
"နင်လက်ခံမခံငါမမျှော်လင့်ထားပါဘူး "
" ငါနင့်ကိုချစ်နေရုံသာ နင်သိစေချင်လို့ပါ။"
" ငါအခုမပြောမိလိုက်ရင် ငါနောင်တတွေအကြီးအကျယ်ရနေမှာ။ "

ကျမသူ့ကိုစာတွေလည်းရေး မျက်ရည်တွေကလည်း ဖုန်းစက်ခရင်ပေါ်ကျလို့ နှာခေါင်းကလည်း နှာတရှုံရှုံနဲ့ အမေကတောင်

"နင်နှာစီးနေတာလား"

"မဟုတ်ဘူး" တုံးတုံးတိတိ သာပြန်ဖြေပေးလိုက်ပြီး သူမကို ကျမရဲ့ ငိုထားလို့တုန်နေတဲ့အသံမကြားစေချင်ခဲ့။ သူမက ငိုတာကို တကယ်မုန်းပါသည်။ ကျမ ငယ်ငယ်ကတည်းက ငိုရင် ပိုရိုက်ပိုဆူပြီး နင့်ငိုသံကို ငါမကြားချင်ဘူး လို့သာအမြဲပြောတတ်သည်။ ကျမနားလည်လာတဲ့အရွယ်ကစပြီး သူမရှေ့မှာ ကျမ တစ်ခါမှ မငိုမိတော့ပါဘူး။ ငိုသံလည်း သူမ လုံးဝမကြားရတော့ဘူး။
.
ကျမ သူ့ကို စာပို့ပြီးတာနဲ့ တစ်ညလုံးအိပ်မရတော့ဘူး အဆွေးသီချင်းများ ခေါင်းအုံးမှာ မျက်ရည်စက်များနဲ့သာ တစ်ညတာကို ကုန်ဆုံးသွားေစသည််။

မနက်မိုးလင်းတော့ စားချင်စိတ်လည်းမရှိ တနေကုန် အတွေးပေါင်းစုံဖြင့်သာ အမေလဲ အိမ်မှာရှိတော့ ဟန်မပျက်လေးသာနေနေခဲ့သည်။ကျမ သူ့အကြောင်း ခေါင်းထဲက ထုတ်မရပေမယ့် သူဘာတွေများပြန်ပို့ထားမလဲဆိုတဲ့ အတွေးက ပြည့်နှက်နေပေမယ့် ကျမသူပို့မယ့်စာကိုကြောက်သလို သူ့ကိုလဲ ရင်မဆိုင်ရဲ့တာကြောင့် တစ်နေကုန်လိုင်းမတက်ဘူး။

သူလိုင်းမတက်တဲ့အချိန်ညသန်းခေါင်လောက်မှ အင်တာနက်ကို ကျမ ဖွင့်လိုက်သည်။

He crushed my soul (Completed)Where stories live. Discover now