Chapter 7

633 28 0
                                    

Unicode

တရက် သူ့ကွန်းမန့်အောက်မှာ အမြဲမန့်နေတဲ့ကောင်မလေးကို သတိထားမိခဲ့တယ် ။ သူမနဲ့ဆို မန့်အများဆုံး သူတို့ အပြန်အလှန်ပြောထားတဲ့ စကားတွေကို ကြည့်လျှင် ကိုတောင် လိုက်ရယ်မိတဲ့အထိ သူတို့ကရင်းနှီးသည်။ သူမအကောင့်ကို စပ်စုကြည့်တော့လည်း သူမပို့စ်တိုင်းမှာ သူ့ reactနဲ့ ကွန်းမန့်တွေရှိနေသည်။ သူမနဲ့ video call ပြောတာကို screenshotရိုက်ထားတဲ့ပုံတွေလည်းရှိနေသည်။ ကျမနဲ့  voice messageတောင်မပို့ဖူးတဲ့သူက သူမနဲ့ကျ video callတွေတောင်ပြောထားကြတာလား။

'ဒါဟာ ငါ့နှလုံးသားကိုအစိမ်းလိုက်ခွဲလိုက်သလိုပဲ၊သူတို့က ဘာတွေလား ရည်းစား‌တွေလား' ကျမလောကကို အမှောင်ချလိုက်သလိုပဲ၊တနေကုန် အစားအရမ်းကြိုက်တဲ့ကျမက စားသောက်ချင်စိတ်လည်းမရှိ သူငယ်ချင်း‌တွေနဲ့ရယ်ရယ်မောမောမရှိတော့ဘူး။ သူ့ပို့စ်‌ေတွကိုလည်း ကို စိတ်ဆိုးတာ သိအောင် wow,sad ,လက်မ စသဖြင့်ပေးခဲ့သည် ဟဟကလွဲလို့ပေါ့။သူနဲ့ကျမcbမှာ စကားသိပ်မပြောတော့ပေမယ့် သူ့ကို reactတွေ ကွန်းမန့်တွေတော့ အမြဲပေးသည်။

မကြာပါဘူး သူမနဲ့ relationshipကောက်ချိတ်လိုက်တယ် ။ ဒါ ဒုတိယမြောက်အသဲကွဲတာလား။ gym တွေတောင်မသွားနိုင်တော့ဘူး။ရင်တွေလည်းနာတယ်။my day မှာလည်း ဝမ်းနဲတဲ့ပုံတွေ သီချင်းတွေ အမြဲတင်နေတာ ။ သူကအမြဲဝင်ကြည့်ပြီး ကိုယ့်ကို ပြန်ပြောသလို လေး သူ့ myday မှာတင်တင်ထားတတ်သည်။

နောက်တော့ သူနဲ့စကားစပ်မိရင်း သူက အရင်လာပြောတယ်

"သူမက ငါ့ရဲ့ex"
"ဟုလား"
"ဒါဆို အခုကရော "
"အခုကနှစ်ခါမြောက်တွဲတာ"
"အော်"
"သူမက ငါ့ကို crushနေတာ တော်တော်ကြာပြီ ငါမကြိုက်ပေမယ့် သူက ငါမှပြန်မကြိုက်ရင် စာမေးပွဲ ဖြေနိုင်မှာမဟုတ်ဘူးဆိုလို့တွဲပေးလိုက်တာ ၊အခုလဲ စာမေးပွဲနီးလို့ သူ့ကိုပြန်တွဲပေးလိုက်တာ"

ကျမတော်တော်ပျော်တယ် သူအခုလိုပြောပြတာကို ရော။ တကယ်က သူက သူမကိုမချစ်ဘူးတဲ့ စာမေးပွဲဖြေနေလို့ ခနပဲတဲ့ ပြီးရင် ပြန်ဖြတ်မှာတဲ့။ ကျမလဲ အခုမှ အရင်လို ပြန်ပြုံးနိုင်တော့တယ်။

He crushed my soul (Completed)Where stories live. Discover now