Unicode
စာမေးပွဲပြီးသွားတော့ ကျမကိုမေးကြသည်။
"ဖြေနိုင်လား ၊ဂုဏ်ထူးဘယ်နှစ်ခုမှန်းထားလဲ၊ အဖေ့ခြေရာကိုနင်းမှာလား "
"ဒီလိုပါပဲ ၊မဆိုးပါဘူး၊ အင်း ၊ဖြေတော့ဖြေလိုက်တာပဲ "မသေချာ တဲ့အဖြေတွေသာ ကျမပေးခဲ့သည်။ တကယ်လည်း ကျမကို ကျမ ၅၀/၅၀သာမှန်းထားသည်။ အမြင့်မှန်းလို့ ပြုတ်ကျရင် ပိုနာတတ်သည်ဆိုတာကိုကျမသိသည်။
အောင်စာရင်းထွက်နဲ့နေ့ ည၁၁နာရီ ....
အမျိုးေတွကလမ်းထိပ်မှာ တရုန်းရုန်းဖြင့် သူတို့အသိတွေကို ဖုန်းဆက်မေးကြည့်ကြသည်။
"မေသံစဉ် ခုံနံပါတ် ** ၊သိပြီးလာအမ"
"မတွေ့သေးဘူးနော် တွေ့ရင်လှမ်းဆက်လိုက်မယ်"ခနကြာတော့ "အောင်တယ်ဟေ့ အောင်တယ်ဟေ့" အကုန်လုံးပျော်ရွှင်ပြီး ကြာဇံကြော်တွေစားကြသည်။ ကျမကတော့ ထွေထွေထူးထူးမခံစားမိ ၅၀/၅၀တွက်ထားလို့ထင်တယ် ။
မနက်မိုးလင်း အမေကအမျိုးတွေဆီကို အောင်ကြောင်းဖုန်းဆက်လှမ်းပြောတော့
"သေချာလို့လား၊သွားကြည့်ပြီးပြီလား"
"မကြည့်ရသေးဘူး"
"သွားကြည့်လိုက်အုံး " အစကရင်မတုန်တဲ့ ကျမ အခုမှနည်းနည်းပင် တုန်လာသလို။"မေသံစဉ် တွေ့ပါပြီ"တော်တော်လည်းရှာယူလိုက်ရတယ်။
တကယ်တော့ စိတ်မကောင်းလည်းဖြစ်မိတယ် ကျမအဖေနဲအမက သချာ် ဂုဏ်ထူး ပါခဲ့သည်။ ကျမကို ပြောတဲ့အခါတိုင်း သမီးကလှည့်ကျရင် သုံးလုံး ကြည့်ထားလိုက် ဆိုပြီး အမြဲပြောခဲ့တဲ့ကျမ ။ အခုတော့ ကျမအောင်တယ်ဆိုတာတောင်မယုံကျတော့ပါလား။
အမျိုးများကလည်း ကျမ အောင်မယ် မထင်ခဲ့ဘူးလို့သာ ပြောခဲ့ကြသည်။ အဲ့ဒီ့နှစ် ကျမတို့ကျူရှင်မှာလည်း ကျမအပါအဝင် နှစ်ယောက်သာစာမေးပွဲအောင်ခဲ့သည်။ ၉တန်းဖြေပြီးတဲ့နေ့ကိုသာ နောက်ပြန်လှည့်ချင်တော့သည်။တကယ်ဆို၁၀တန်းကျောင်းစတက်ကတည်း ကိုယ့်အသိစိတ်နဲ့ကို အမေ့ကို ဖုန်းသိမ်းခိုင်းထားခဲ့တာ ။*******
အမှတ်စာရင်းထွက်လာတော့ မြန်မာစာအနည်းဆုံး တကယ်မထင်ထားခဲ့ဘူး chemistryအနည်းဆုံးထင်ထားခဲ့တာ ကျန်တဲ့ဘာသာတွေကတော့ ကျမကြိုးစားသလောက်ရလို့ကျေန ပ်မိပါသည်။
YOU ARE READING
He crushed my soul (Completed)
Romanceလူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ခဲ့ဖူးလား Base on true story This is my owncreation Peachရဲ့ ဒုတိယ ficလေးပါ။ ဝေဖန်အကြံပြုပေးကြပါအုံးနော်။ Zawgyi unicodeနှစ်မျိုးလုံးတင်ပေးထားပါသည်။