Unicode
သူနဲ့စာမပို့ရတာ ရက်တောင်အတော်ကြာပြီ သူလိုင်းလဲမတက်ဘူး။ depressionဝင်နေတယ်ဆိုတဲ့စာတွေတင်ပြီးကတည်းက လိုင်းပေါ်ဆင်းသွားတော့တာပဲ ကျမတကယ်စိတ်မကောင်းဖြစ်မိသည်။ သူ့ကိုနှစ်သိပ်နေတဲ့ ပုံလေးတွေ storyမှာ တင်မိသည်။ အဲ့တော့ သူက ငါမငိုပါဘူးဆိုပြီး ပြန်စောင်းတင်သည်။ သူငါ့ကိုပြောတာလား ဆိုပြီး ကျမမှာ ကြိတ်ရင်တွေခုန်ရပါသည်။
"Good morning" ကျွန်မ မျက်လုံးတွေတောင်ပြူးမိသည်။ သူစာပို့လာလို့ ကျမကိုယ်ကို မြောက်တက်တဲ့အထိတောင်ခုန်မိသည်။
သူငယ်ချင်းတွေက"ဟဲ့ နင်အဲ့လောက်ပျော်နေတာ ငါတစ်ခါမှဖူးဘူး"
ကျမက တကယ်တော့ အဆွေးတစ်လိုင်း သီချင်းအေးအေးလေးနားထောင်ပြီး ဆွေးနေရတာကိုကြိုက်သည်။ drama တွေကြည့်ပြီးငိုရတာလည်း နှစ်သက်သည်။ အမြဲတမ်းအခန်းထဲမှာ အိပ်ငိုက်နေတာ သူတို့ မမြင်ဖူးဘူးဆိုသည်မှာလည်း အမှားတော့မရှိ ။
အတန်းထဲက သူငယ်ချင်းက ကျမပျော်တော့ သူလည်းပျော်မိသည်ထင်ပါတယ် ။ကျွန်မတို့နှစ်ယောက်ကို သဘောတူနေသည်။
တစ်ခါတစ်ရံ
"ငါ့သူငယ်ချင်းေလးရဲ့ အချစ်ကို လက်ခံပေးပါ သူမက အရမ်း နွေးထွေးကြင်နာပြီး နင့်ကို အရမ်းချစ်နေတာပါ" လို့တင်တတ်သည်။ အဲ့လိုတင်တိုင်းလည်း ဝမ်းသာပြီးပျော်ရွှင်ကြည်နူးရပါသည်။ ကျောင်းသွားလည်း သူ့အကြောင်းတွေသာ၊gymသွားလည်း သူ့အကြောင်းတွေသာပြောနေမိသည်။ သူတို့လည်း ကိုယ့်အတိုင်းရင်ခုန်ပြီး လိုက်ပျော်ပေးကြသည်။ အရင်က ယောက်ျားလေးတွေဆို စည်းခြားပြီး ပြောတဲ့ကျမ သူ့ကိုချစ်မိတော့မှ သူတို့ကိုလည်းရဲရဲတင်းတင်းပြောဆိုဆက်ဆံတတ်လာသည်။ အပြင်လောကမှာ confidence လည်းရှိလာသည်။
သူ ကာတွန်းပုံလေးတွေ ကာတွန်းကားလေးတွေ ကြိုက်တော့ ကျမလည်း လိုက်ကြိုက်မိသည်။ profileလေးတွေချိန်း သူကြိုက်တဲ့ကားတွေလိုက်ကြည့်နဲ့ အလုပ်တွေရှုပ်နေမိသည်။ ကျမသူ့ကိုချစ်မိပြီးမှ ကျမ တကယ်ကို ပြောင်းလဲလာခဲ့ပြီ။ ကျမပြောင်းလဲလာတာ ကျမကိုကျမလဲသတိထားမိသည်။
YOU ARE READING
He crushed my soul (Completed)
Romanceလူတစ်ယောက်ကို တစ်ဖက်သတ်ချစ်ခဲ့ဖူးလား Base on true story This is my owncreation Peachရဲ့ ဒုတိယ ficလေးပါ။ ဝေဖန်အကြံပြုပေးကြပါအုံးနော်။ Zawgyi unicodeနှစ်မျိုးလုံးတင်ပေးထားပါသည်။