( 1 )

888 45 0
                                    

I want to play volleyball with our old teammates... in our school court

..................................

UNICODE

"တစ်ခုခုကို အမြန် ရွေးစမ်းပါ ချီးထုပ်!!"

Iwaizumi အသံကို ထိန်းချုပ် လိုက်သော်ငြား စကားထွက်သွားချိန်၌ မထင်မှတ်ပဲ အနည်းငယ် မာကြောမိ သွားသည်။ အထူးသဖြင့်... သူ့ အချစ်ဆုံး သူငယ်ချင်းက အမှန်တကယ် ခက်ခဲနေသည့် ဤသို့ အခြေအနေမျိုးမှာပေါ့။

လေးလံသည့် အသက်ရှုသံ တစ်ခုကို မထုတ်မိခင် Oikawa မျက်လုံးလှန် ဖြစ်အောင် လှန်လိုက် မိသေးသည်။

"တကယ်တော့ Iwa chan... ဒါက မင်းရဲ့ အကြံပဲလေ။ နည်းနည်းလေးတော့ ငါ့ကို စိတ်ရှည်ပါအုံး။!"

"ငါ အခု ဒီအတွက် တကယ်ကို နောင်တရနေပြီ။"

ထူးခြားသည့် ဤအကြံဥာဏ် တစ်ပိုင်းတစ်စကို သူ မနေ့ညက TVကြည့်ရင်း ရလာပုံကို စဥ်းစားမိလိုက်တော့ ဒေါသက အနည်းငယ် ထွက်လာရသည်။ ပြီးတော့ Oikawaဆိုတာ အော်ပရာ ပြဇာတ် ကနိုင်လောက်တဲ့အထိ အစွမ်းအစရှိသူဆိုတာ သူ လုံးလုံးကို မေ့သွားခြင်းပင်။

"အမ်... ကြောင်လေးတွေ ရာချီနဲ့ ပွေ့ဖက်ခြင်း ဆိုရင်ရော...?"

Oikawa ခြောက်သွေ့နေသည့် နှုတ်ခမ်းတစ်ဝိုက်ကို လျှာဖြင့် အသာစိုစွတ်စေလျက်နှင့် တီးတိုး တိုင်ပင်လိုက်သည်။

Iwaizumi စူးစူးရဲရဲသာ ပြန်ကြည့်ပေး လိုက်သည်။

"ကြောင်? ဘာလဲ? Kurooတို့ အုပ်စုက မင်းကို ပွတ်သီးပွတ်သပ် အဖက်ခံမယ်များ ထင်နေလား?"

ကျီစားလိုဟန်ဖြင့် ခပ်ဖွဖွ ပြုံးနေခဲ့သည့် မျက်နှာတစ်ဖက်ခြမ်းကို မြင်မိချိန်၌ သူ အစခံလိုက်ရသည်ကို သိရန် နောက်ကျသွားခဲ့ပေပြီ။

သူ မကျေမနပ်ဖြင့်သာ ဟိန်းဟောက် မိတော့သည်။

"ချီးထုပ်!! ငါမင်းကို လည်ပင်း ထညှစ်မိတော့မှာပဲ!"

သစ်သီးပန်းကန်ထဲက ခက်ရင်းကို ကောက်ကိုင်ရင်းနဲ့ Oikawaက လျော့ရဲရဲ အပြုံးလေး ပြုံးလာသည်။ Oikawaထံမှ အတည် အဖြေစကားကို သူရလိုသော်လည်း ရှားရှားပါးပါး ပေါ်လာသည့် oikawa၏ စားသောက်လို စိတ်ကိုလည်း Iwaizumi မဖျက်ဆီး လိုက်ချင်ပေ။
အဖြေထက် ဤမျှော်လင့်ချက် သေးသေးလေးက အဆပေါင်းများစွာ ပိုအဖိုးတန် ပေသည်။

Oikawa's last wish (mm translation)Where stories live. Discover now