( 6 )

143 20 0
                                    

Captain, We trust in you!

..............................

UNICODE

Iwaizumi ငြိမ်ငြိမ်လေး ထိုင်နေသူ၏ ရှေ့တွင်ရပ်ကာ အသင်းနှစ်ခု ခွဲထားကြောင်း ရှင်းပြခဲ့သည်။

"မင်း အခု အဆင်ပြေရဲ့လား?"

ထိုင်နေသူက ခေါင်းအသာ ညိမ့်ပြပြီး တီးတိုး ဆိုလာခဲ့သည်။

"Iwa chanက ယူနီဖောင်းနဲ့ အရမ်းဟော့တာပဲ~"

Oikawaရဲ့ အပြောက Aiko sanကိုပင် တခစ်ခစ် ရယ်မောသွားစေသည်။ 

အထက်တန်းတုန်းက ယူနီဖောင်းကို ပြန်ဝတ်ဆင်ထားခြင်းက တစ်ကိုယ်လုံးကို ကြပ်ထုတ် နေစေသည်။ အထူးသဖြင့် အဆမတန် ကြီးထွားလာသည့် လက်မောင်း ကြွက်သားအိုးကြီး များပင်။ အနည်းငယ် ရှက်ရွံ့မှုဖြင့်ပင်  သူOikawaအား တုံ့ပြန်လိုက်သည်။

"အင်း။ ကျေးဇူးပဲ"

"ဟေးဟေး! အချစ်ငှက်လေးတွေ အသင်းခွဲပြီးပြီမို့ စလို့ရပြီ။"

Matsuရဲ့ အခေါ်အောက်မှာ Oikawaက ပြုံးလျက်သားဖြင့် သူ့အား သွားရန် ဖြေးဖြေး တွန်းထုတ် လာခဲ့သည်။

အသင်း တစ်ဖက်၌ Iwaizumiရယ်၊ Matsuရယ်၊ Yahabaရယ် ၊ Kunimiရယ် ဖြစ်ပြီး အခြား တစ်ဖက်တွင် Makiရယ်၊ Kyoutaniရယ် ၊ Kindaichi ရယ် ၊ Watariရယ် ဖြစ်ပေသည်။ တိုက်စစ် ခံစစ် မျှတစွာ နှစ်ဖက်ခွဲ ထားခြင်းပင်။

ထိုင်ရုံသာ ထိုင်နေနိုင်သည့် Oikawaက ခရာကိုင်၍ ဒိုင်လူကြီး လုပ်ပေးလေသည်။

အပြင်းအထန် ပြိုင်ဆိုင်သည့် ပွဲပြီးတော့ နှစ်ဖက်လုံး အသက်မရှူနိုင်အောင်ပင် မောပန်း သွားကြရသည်။

အနိုင်ယူခြင်း ရရှိပြီးနောက် ထိုင်နေသူကို လှည့်ကြည့်မိခိုက် တစ်ယောက်သောသူသည် တိတ်ဆိတ်စွာ စီးကျနေသည့် မျက်ရည်တို့ နှင့်အတူ ချိုမြစွာ ပြုံးနေခဲ့ပြီး အနိုင်ရလဒ် ကြေညာစဥ် လက်ခုပ် ဖွဖွ တီးနေခဲ့ပေသည်။

အားကစားရုံ တစ်ခုလုံးက တိဆ်ဆိတ်နေပြီး သူတို့ကို အားပေးနေသည့် လက်ခုပ်သံ ဖျော့ဖျော့သာ ကြီးစိုးနေခဲ့သည်။

Oikawa's last wish (mm translation)Where stories live. Discover now