( 8 ) - End

341 30 7
                                    

Oikawa's Last Wish

...........................

UNICODE

အသက် နှစ်ဆယ့်ခြောက်နှစ် ထဲမှာပဲ
Oikawa Tooru အိပ်စက်ရင်းဖြင့်သာ ကွယ်လွန် သွားခဲ့ပေသည်။ အတိအကျဆိုရပါက နှစ်ဆယ့်ခုနစ်နှစ် ပြည့်တော့မည့် နှစ်ရက်အလိုတွင် ဖြစ်ပေသည်။

မည်သူ တစ်ဦးတစ်ယောက်မျှ မထင်ထား ခဲ့ကြပေ။ အဆိုးဆုံး အခြေအနေ ဖြစ်နေခဲ့သည့် နှစ်ပတ်ကာလကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ပြီး သက်သောင့်သက်သာ ရှိသည့် တစ်ရက်တွင် ထွက်ခွါ သွားခြင်းကြောင့်ပင်။

Iwaizumi တစ်ချိန်လုံး ထိုသူဘေးနားတွင်ပင် ရှိနေခဲ့သည်။ အိပ်ပျော်နေခဲ့သည့် Oikawa၏ ဖြူဖျော့ဖျော့ လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ရင်း ဆရာဝန်များက ကွယ်လွန်သွားပြီ ဖြစ်ကြောင်း အတည်ပြုပြီး သည်တောင်မှ လက်တွဲမဖြုတ် ရှိနေခဲ့ပေသည်။

သူ တစ်ချိန်လုံး မငိုခဲ့သလို ထပ်မံ ကူညီပေးကြရန်လည်း မည်သူကိုမှ မတောင်းပန်တော့ပေ။ အဘယ်ကြောင့်ဆိုသော် Oikawaက သတိလစ် မေ့မေမျောသွားခင် သူ့လက်အား နှစ်ကြိမ်ခန့် ဖွဖွ ဖျစ်သွားခဲ့၍ပင်။

ဤအရာသည် သူ့ကိုယ်ပိုင်နည်း ကိုယ်ပိုင်ဟန်ဖြင့် ငါမင်းကို ချစ်တယ် ဟု ဖော်ပြခဲ့သည့်အလား။

Oikawa၏ စျာပနက ရိုးရိုးရှင်းရှင်းလေးပင် ဖြစ်သည်။ အရာအားလုံးက သန့်စင်သည့် အဖြူရောင် ဖြစ်ပြီး Oikawa၏ တစ်လျှောက်လုံး ဆန္ဒအတိုင်းပင်။

Oikawa၏ သူငယ်ချင်း အားလုံးနှင့် မိသားစုဝင် အားလုံး တက်ရောက်ကြပြီး မျက်ရည် အမြောက်အများနှင့် အောက်မေ့ဖွယ် ရှေးဟောင်း နှောင်းဖြစ်များကို ပြောကြရင်း အဆုံးသတ်ကတော့ ပြင်းထန်စွာ ငိုကြွေး မိကြခြင်းပင်။

Iwaizumi သူကတော့ ထိုအရာများတွင် ပါဝင် ပတ်သတ်ခြင်း မရှိပေ။ Oikawa တည်ရှိရာ စင်အနား အနီးဆုံး ရပ်နေခဲ့ရင်း။ အဖြူအမည်း ကာလာဖြင့် အသက်သွင်းထားသည့် Oikawa၏ ဓာတ်ပုံကို ငေးကြည့်ရင်း။ မသေဆုံးခင်က ပုံရိပ်မဟုတ်ပဲ ဟိုးတုန်း ကျောင်းသားဘဝ နိုင်ငံ့လက်ရွေးစင် ဖြစ်ချင့်သည့် ဆန္ဒအတွက် သန်မာသည့် စိတ်ထားနှင့် ကိုယ်နေဟန်ထားတို့ ရှိခဲ့သည့် ပုံရိပ်ဖြစ်တုန်းက ဓာတ်ပုံပင်။ ဂုဏ်ယူ ဝင့်ကြွားစွာ ပြုံးထားရင်း ဓာတ်ပုံထဲမှ Oikawaက သူ့အား ကြည့်နေခဲ့သည်။

Oikawa's last wish (mm translation)Tahanan ng mga kuwento. Tumuklas ngayon