( 5 )

151 21 0
                                    

Just allow me to love you

.............................

UNICODE

"ဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် Iwa chan~ ငါ အရမ်း ရက်စက်တယ်မလား?"

"ဘာတွေ ပြောနေတာလဲ? သဘာဝကျကျပဲ ကျန်တဲ့ ဘဝတစ်လျှောက်မှာ ငါတို့ အတူ ရှိနေအုံးမှာပါ။  ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။"

"Iwa chan~ အရာအားလုံး ပြောင်းလဲ သွားတော့မှာ!"

သူ့လက်ချောင်းများနှင့် ထိတွေ့နေရသည့် ထိုသူ၏ မျက်ရည်စက်များသည် ငရဲမီးများအလား။

ရှိုက်ငင်လျက်ပင် ထိုသူက တစ်လုံးချင်းစီ ထုတ်ဖွင့်ဟ လာပေသည်။

"ငါကလည်း မသွားချင်သလို မင်းကလည်း သွားစေချင်မှာ မဟုတ်ဘူး~"

သူ့နှုတ်ခမ်းဆို့အား ဖွင့်ဟ၍ ခွန်းတုံ့ပြန် ချင်ခဲ့သော်လည်း သူ ထိုအမှန်တရားအတွက် မည်သို့ တုံ့ပြန်ရမှန်း မသိတော့ပေ။ သူရော ထိုသူရော ထိုမလွန်ဆန်နိုင်သည့် အမှန်တရားကို သေချာ သိရှိနေပြီးသားပင်။

သူတို့ရဲ့ အချစ်တွေကို ဖွင့်ဟ ဝန်ခံလျှင်တောင်မှ ထိုအမှန်တရားကြီးကို ကျော်လွှားနိုင်စွမ်း မရှိပေ။ ဒါပေမဲ့...

"မင်း မထွက်သွားသေးခင် အချိန်ထိ ငါတို့မှာ အကောင်းဆုံး အချိန်တွေ ပိုင်ဆိုင်ထားသေးတာပဲ။ တစ်ခါက မင်းပြောဖူးသလိုပဲ။ ငါတို့ မလုပ်နိုင်ဘူးဆိုရင် ရပ်တန့်ဖို့ နည်းမရှိတာမို့ ငါတို့ ကြိုးစားလို့ ရပါသေးတယ်လေ။"

သူ့နှုတ်ခမ်းများကသာ ထိုစကားများ ထွက်လာ နိုင်ခဲ့သော်လည်း အကြောက်တရား လက်မဲကြီးကတော့ သူ့စိတ်ထဲလည်း ဖုံးအုပ် ထားနေသေးဆဲပင်။ ထိုသူအား လက်လွှတ်လိုက် ရတော့မည့် အကြောက်တရားသည် သူထံ မည်သည်မျှ မကျန်တော့သည့် အကြောက်တရားနှင့် ထပ်တူညီပေသည်။ ဤရွေးချယ်မှုသည် လှပသော အခက်အခဲပင်။

"ဒါပေမဲ့ Iwa chanကို နာကျင်လျက်သားနဲ့ ချန်မထားခဲ့ချင်ဘူး။!"

Oikawa's last wish (mm translation)Where stories live. Discover now