( 7 )

149 18 0
                                    

You"ll know when it's time

................................

UNICODE

"ဆေးရုံကို မပြန်ခင် ရှင်တို့အတွက် အချိန်တချို့ ပေးနိုင်ပါတယ်။"

အားကစားရုံထဲမှ ထွက်လာ ခိုက်တွင်ပင် Aikoက ဆိုလာခဲ့သည်။

"တကယ် ရနိုင်လား?"

Oikawa သူမဘက်လှည့်၍ ပြုံးရင်း မေးလိုက်သည်။ သူနာပြုငယ်လေးက သူတို့အား မျက်စိတစ်ဖက် မှိတ်ပြလာလေသည်။

"ရှင်တို့ အရမ်း မကြာသရွေ့ ကျွန်မ သူတို့ကို အကြောင်းပြချက် ကောင်းကောင်း ပေးနိုင်ပါတယ်။!"

ဆိုပြီးသည်နှင့် မည်သည့် တုံ့ပြန်စကားမှ မယူတော့ပဲ ရှေ့မှ ထွက်သွားလေသည်။

Iwaizumi ဝှီးချဲလ်ကို အောက်စီဂျင် ပေါများစွာ ထုတ်ပေးသည့် ဂျင်ဂိုပင်တန်းများ ရှိရာ ဘောလုံးကွင်းဆီသို့ တွန်းလာခဲ့သည်။ ဂျင်ဂိုပွင့်များက တစ်ပင်လုံးကျွတ် ပွင့်နေခဲ့ပြီး လတ်ဆတ်သည့် လေထုများ ထုတ်လွှင့် နေခဲ့ပေသည်။

"မင်း အဆင်ပြေရဲ့လား?"

သူ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သူကို မေးမိသည်။

"ခံစားရတာ ပိုကောင်းလာပါပြီ။ မနက်ဖြန်မှာပဲ ငါ အရှင်းပျောက် သွားတော့မယ့် အတိုင်းပဲ~"

Oikawa တခစ်ခစ်ရယ်ရင်း မတ်တပ်ရပ်နေသူကို ဆိုလိုက်သည်။

"လုပ်စမ်းပါ! အရမ်း မပိုပါနဲ့~"

"ငါ ဖြစ်နေလို့လား!!!!!"

တစ်ဖက်မှ ဒေါသဖြင့် ဆောင့်အောင့် ဆိုလာသူကို ရယ်သွမ်း သွေးလိုက်ရင်း  လူသူကင်းမဲ့နေသည့် ဘောလုံးကွင်းဆီသို့ အကြည့်ရွေ့လိုက်သည်။

နေဝင်လု ဆဲဆဲ ဖြစ်၍ တစ်လောကလုံးကို ရွှေလိမ္မော်ရောင် ဖျော့ဖျော့ ခြယ်သ ထားခဲ့လေသည်။ ထိုအရာက ကျောင်းဆင်းတိုင်း နှစ်ယောက်သား အတူပြန်ရသည့် ညနေခင်းများကို သတိရစေပေသည်။

Oikawa's last wish (mm translation)Tahanan ng mga kuwento. Tumuklas ngayon