Unicode Ver.
ကြီးမားလှသောနန်းတော်ကြီးကဲ့သို့ခမ်းနားထည်ဝါနေသောအိမ်ကြီး။တစ်အိမ်လုံးရတနာများစီထည့်ထားသကဲ့သို့တောက်ပနေသောအိမ်ကြီး။ခြံဝင်းထဲတွင်များစွာသောအပင်များကိုလှပစွာပုံဖော်နိုင်အောင်အလုပ်ခန့်ထားသောအလုပ်သမားများမှာဘွဲ့ရပညာတက်သူတွေသာ။အိမ်အကူအနေဖြင့်ခိုင်းစေခြင်းခံရသောသူများမှာလဲဘာသာစကားနှစ်မျိုးလောက်ကိုထမင်းစား၊ရေသောက်ပြောနိုင်သူများ။ထိုသို့ပညာတက်သူတက်သူတွေကဘာကြောင့်အိမ်အကူလုပ်ရပါသနည်း။မေးခွန်းတိုင်းအတွက်အဖြေဆိုတာရှိပြီးသားပါ။အိမ်ကြီးရှင်ဖြစ်တဲ့ Jeon မျိုးနွယ်ဟာဘိုးဘေးကအစချမ်းသာကြွယ်ဝသူများဖြစ်ကြ၍နိုင်ငံအများတွင်ကုမ္ပဏီများတည်ထောင်ကာသခင်ကြီး Jeon တစ်ဦးထဲကသာအုပ်ချုပ်ရသည်။
အပြောအဆိုကအစရှေးခတ်ဆန်လှသော Jeon မျိုးနွယ်များသည်နေထိုင်ပုံသာမကယဥ်ကျေးမှုသည်လည်းအလွန်ခေတ်နောက်ကျပေသည်။အိမ်တွင်ရှိသောအိမ်အကူများသည်လည်းပညာတက်သူဖြစ်သည့်အပြင်ရုပ်ရည်အသင့်အတင့်ရှိသူများဖြစ်သည့်အလျောက်
ရထိုက်သောဥစ္စာငွေကြေးများမှာသာမန်လူအလုပ်လုပ်ရသောငွေ၏သုံးဆမကရှိသည်။ထို့ကြောင့်ထိုအိမ်တော်ကြီးတွင်အလုပ်လုပ်ရန်လိုလားနေသူများပေါများ၏။ထိုသို့ခန်းနားထည်ဝါသောအိမ်ကြီးသည်အပြင်ဘက်ကကြည့်လျှင်တော့လှပနေသယောင်နှင့်အတွင်းဘက်တွေတော့ပုတ်ပွနေသည်။ Jeon မျိုးနွယ်သည်ရှေးခေတ်ဆန်သည့်အလျောက်အိမ်ကြီးရှင်ဖြစ်လာမည့် Jeon သခင်တိုင်းသည်ခေတ်နှောင်းကဘုရင်များအတိုင်းလက်ထက်ယူခဲ့သောမိန်းမများ များ၏။
ယခုအုပ်ချုပ်နေသော Jeon သခင်ကြီးမှာမူတရားဝင်ဇနီးမယားသုံးယောက်သာရှိသော်လည်း၊တရားမဝင်သောအိမ်သူများမှာပေါများလှသည်။တရားမဝင်ရခြင်းမှာထိုအမျိုးသမီးသည်ဆင်းရဲ၍သော်လည်းကောင်း၊မျိုးရိုးမကြီးမြင့်၍သော်လည်းကောင်းအမျိုးမျိုးရှိ၏။
ဒေသအသီးသီး၊မျိုးနွယ်အသီးသီးက အကျင့်စရိုက်မတူသောအမျိုးသမီးတို့ကြောင့်မွေးဖွားလာသောသား၊သမီးတွေဟာလည်းအကျင့်စရိုက်ကကွာခြား၏။ယခုအခါအရွယ်ရောက်လာသောသား၊သမီးတို့မှာ သေဆုံးချန်မတန် သေးသော Jeon သခင်ကြီးထံမှအမွေတောင်းရန်ကြံစည်နေကြသည်။သို့သော် Jeon မျိုးနွယ်၏သမိုင်းအရ Jeon မျိုးနွယ်ပိုင်ဆိုင်သောလုပ်ငန်းများအား အယုံကြည်ရဆုံး၊အားအထားရဆုံးသားတစ်ယောက်ကသာလက်ခံရပေမည်ဖြစ်သည်။ထို့ကြောင့်အမွေမရမှန်းကြိုသိနေကြသောတစ်ချို့မှာယခုလိုဆူညံအောင်ပြုလုပ်နေရခြင်းပင်ဖြစ်သည်။

YOU ARE READING
𝑲𝒊𝒎'𝒔 𝑱𝒆𝒐𝒏//𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆//
RomanceJeon က Kim' အပိုင် ဟောဒီက Jeon Jungkook ဆိုတဲ့လူသားက Kim Taehyung ဆိုတဲ့မင်းလေးရဲ့အပိုင် Jeon Jungkook×Kim Taehyung