Chapter 3 - Part 2

1K 243 6
                                    

UNICODE

Before the Divorce 03 – Part 2

"ငါအရမ်းပင်ပန်းနေပြီ ..."

Han Shi (ဟန်ရှိ) သည် နောက်ကျနေသည် အထိ ညစ်ပတ်ပေရေနေသည်ကိုလည်း ဂရုမစိုက်ဘဲ မြေကြီးပေါ်ထိုင်ချလိုက်ပြီး နံရံကိုမှီကာ သူ့လက်အိတ်ကို အားသွန်ခွန်စိုက်ချွတ်လိုက်ရင်း နာကျင်မှုနဲ့ ညည်းတွားလိုက်သည်။

လက်ထောက်ဖြစ်သူက Han Shi ဆီလာပြီး ကြည့်လိုက်တော့ သူက တုန်လှုပ်ခြောက်ခြား သွားခဲ့သည်။

"ဘုရားရေ.... မင်း လက်ကို ကြည့်ဦး လက်မှာ အများကြီးပဲ... ရေကြည်ဖုတွေ။"

"မဟုတ်တာတွေ။"

Han Shi သည် နာကျင်မှုနဲ့ ဆူငေါက်လိုက်သည်။ သူသည် ၂ နှစ်နာရီကြာ သယ်ရွှေ့ပြီးနောက် နူးညံ့တဲ့ လက်လေးများက သွေးခြေဥကာ ရေကြည်ဖုများပင် ထလာသည်။ အမှန်တကယ်တော့ သူက အုတ်ခဲတစ်ထောင်ထက်မနည်း ရွှေ့လိုက်ရသည်။ သို့သော် ကျိုးကျေသွားသည့် အုတ်များကို လျော်လိုက်ရ၍ သူ့တွင် ယွမ်ငါးဆယ်ကျော်သာရခဲ့သည်။

Han Shi က နေ့လည်စာစားဖို့တောင်စိတ်မဝင်စားဘဲ သူက အံကြိတ်ပြီး တစ်နေ့လည်ခင်းလုံး အုတ်များကို ကြိုးစားပမ်းစားရွှေ့သည်။ အခုတော့ လက်များ ဒဏ်ရာရနေသော်လည်း နာကျင်မှုကို ပင် ဂရုမစိုက်ဘဲ သူက တိုက်တွန်းနေသည်။

"မြန်မြန်။ ငါ့လုပ်ခကို တွက်ပေးပါ။ ငါ သွားဝယ်ဖို့ စောင့်နေရတာ။"

တွဲဖက်ဒါရိုက်တာက Han Shi က အလုပ် မလုပ်မှာကို ကြောက်နေခဲ့ပေမယ့် အခုတော့ သူက စိတ်သက်သာရာရကာ Han Shi အတွက် ယွမ် ၁၄၀ လစာ တောင်းဖို့တောင် ကူညီ တိုက်တွန်းပေးခဲ့သည်။

Han Shi သည် ဖုန်များကို ခါကာ မီးပန်းသွားဝယ်ရန် ထလိုက်သည်။ ဘေးနားက ဝန်ထမ်းများက သူ့ကို လက်နာနေ၍ လက်က ဒဏ်ရာကို ဆေးအရင်ကုရန် တားကြသည်။ ထို့ကြောင့် Han Shi က သူ့လက်ထောက်ကိုသာ သွားဝယ်ရန် လွှတ်လိုက်သည်။ Han Shi လက်ထောက်က သူ့ရဲ့ ဒဏ်ရာကို သာ စိတ်ပူနေသည်။ သူက စိတ်ပူစွာနဲ့ ဘယ်လောက်ဝယ်ရမလဲ မေးတော့ Han Shi ကဆူငေါက်ရင်း ပြုံးလိုက်သည်၊

"ဘာငွေမှ ချန်မထားနဲ့။ အကုန်သုံးလိုက်။ မြန်မြန်ဝယ်ပြီး ပြန်လာနော်။"

LiHun Zhiqian/ Before the Divorce (မြန်မာပြန်) [Completed]Where stories live. Discover now