Chapter 7

1.2K 224 3
                                    

UNICODE


Before the Divorce

Chapter 07

ပေဂျင်းရောက်နေတဲ့ Mu Jiayan (မူကျားယမ်) က ထို သတင်းကို လက်ခံရရှိသည်နှင့်တပြိုင်နက် ဖုန်းဆက်ကာ အစီအစဉ်ဒါရိုက်တာအဖွဲ့နဲ့ အကြီးအကဲအား ဒေါသတကြီးဖြင့် အော်ဟစ်ခဲ့သည်။ ရိုက်ကူးရေး အဖွဲ့ကတော့ ကြောက်ရွံ့နေပြီး တောက်လျောက် တောင်းပန်စကားကိုသာ ဆိုခဲ့ကြသည်။



Mu Jiayan က အခုအခြေအနေကို အခွင့်ကောင်းယူ၍ နောင်အနာဂတ်တွင် အစီအစဉ် တစ်ခုချင်းစီ၏ အကြမ်း တည်းဖြတ်မှုအတွင်း သူနှင့်ဆက်သွယ်ရန် တောင်းဆိုခဲ့သည်။ Han Shi (ဟန်ရှိ) သည် ရိုက်ချက်အားလုံးကိုတည်းဖြတ်ပိုင်ခွင့် နှင့်ဖျက်ပစ်ပိုင်ခွင့် အကြွင်းမဲ့အာဏာ ရှိရမည် ဖြစ်သည်။ လိုအပ်သည့်အခါ တွင်လည်း Han Shi ရဲ့ဘက်က အဖွဲ့၏အချိန်ဇယား များကိုလည်း လမ်းညွှန်ပိုင်ခွင့်ရှိရပေမည်။


ရှိုးရိုက်ကူးရေးအဖွဲ့က လွန်စွာမှ နောင်တကြီးစွာရခဲ့ကြသည်။ သူတို့က Yu Bin (ယွိပင်း) ကိုဖိတ်လိုက်ခြင်းက ပြဿနာ အများကြီးပေါ်လာမယ်လို့ မမျှော်လင့်ခဲ့ချေ။ ဒါပေမယ့် သူတို့က စော်ကားမိလို့ တစ်စုံတစ်ယောက်က ဒေါသထွက်ခဲ့ရသည့်အတွက် ဘာကိုမှ မတတ်နိုင်ခဲ့ချေ။ LI Feng (လီဖုန်း) က ရှိုးအဖွဲ့ကိုဘာမှမပြောပေမယ့် သူတို့ကို တိုက်ရိုက်အကြောင်းကြားပြီး Yu Bin က မလာတော့ကြောင်း သာပြောခဲ့သည်။ Han Shi ကလည်း အသံသွင်းတာကို ရပ်လိုက်မယ်လို့တောင် ပြောခဲ့ပေသည်။ အစီအစဉ်က နောက်ဆုံးတော့ ဆိုးရွားတဲ့ အကြံကို ဖန်တီးခဲ့သော ဒီရာဇဝတ်မှုကို ကျူးလွန်မိသည့် အထွေထွေဒါရိုက်တာ ကိုသာ ပြစ်ဒဏ်ခံရန် တိုက်တွန်းခဲ့ကြသည်။ ထို့ကြောင့် သူတို့က Mu Jiayan ၏တောင်းဆိုချက်ကိုသာ စိတ်မသက်သာစွာ သဘောတူလိုက်ရသည်။

...

ရိုက်ကူးရေး ရပ်နားစဉ်ကာလအတွင်း


Han Shi က Mu Jiayan ရဲ့ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် သူက ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ ချောင်းဆိုးနေပြီးမှ ပြောသည်။

LiHun Zhiqian/ Before the Divorce (မြန်မာပြန်) [Completed]Where stories live. Discover now