Chapter 9 (Final)

1.8K 240 5
                                    

UNICODE


Before the Divorce 09

Final



လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အတင်းအဖျင်းပြောသံတစ်ခု ရှိခဲ့သည်။


ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းသူဌေးကြီးတစ်ဦး ၏ သားက ကြီးမြတ်တဲ့နတ်ဘုရားကို ကြိုက်နှစ်သက်ခဲ့သည် ဟူ၍။



မင်းသားငယ်လေးက ငယ်ရွယ်ပြီးတော့ ဖြူစင်သည်။ သူသည် ရိုးသားဖြူစင်တဲ့ မိန်းကလေးကို ပိုးပန်းသလိုမျိုး ကြီးမြတ်တဲ့နတ်ဘုရားကို ပိုးပန်းခဲ့သည်။ သူသည် နတ်ဘုရားရှိတဲ့ ရိုက်ကွင်းကို လျှို့ဝှက်စွာ လပေါင်းများစွာ သွားခဲ့သည်။ ဒါပေမဲ့ ဘာမှမထူးခြားပဲ ပြီးဆုံးသွားခဲ့သည်။


ဒီအတင်းအဖျင်းကို ရွှံ့ထူတဲ့ ရုပ်ရှင်အသိုင်းအဝိုင်းမှာ လတ်ဆတ်တဲ့လေ ဖြတ်စီးသွားသလို ခေါ်ဆိုနိုင်သဖြင့် ၎င်းသည် ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့သွားခဲ့ပြီး Li Feng (လီဖုန်း)တောင်မှ သူ့လက်ထောက်ပြောနေတာကို ကြားလိုက်ရသည်။

ဟုတ်တယ်။ အခြားသူတွေပြောနေတာကို Li Feng က ဒီတိုင်းနားထောင်ခဲ့မိသည်။



မီးနီကို စောင့်နေစဉ် Li Feng သည် Mu Jiayan (မူကျားယမ်)ကို ဖုန်းအလျင်အမြန်ခေါ်လိုက်သည်။



Mu Jiayan ရဲ့ဘက်မှာဆူညံနေပြီး ပျော်ရွှင်နေပုံရကာ အသံသည်လည်း ပုံမှန်ထက် ပိုကျယ်နေသည်။ သူက ရယ်လိုက်ပြီး

"ကျေးဇူးတင်ပါတယ် Li Feng...မင်းအစီအစဉ် Trailer ကအခုမှထွက်လာတာ။ မင်းတို့နှစ်ယောက် နမ်းတဲ့အခန်းရောပဲ။ အဲဒါက အရမ်းနာမည်ကြီးနေတယ်။ Han Shi (ဟန်ရှိ) က စိတ်ရှုပ်ဖို့ကောင်းပြီး ဆွဲဆောင်မှုမရှိဘူးလို့ ဘယ်သူမှ ပြောတော့မယ် မထင်ဘူး။ ဟဟ"



Li Feng က အဲဒါကို ကြားတဲ့အခါ နာကျင်သွားခဲ့သည်။ ခဏ‌လောက် တိတ်ဆိတ်သွားပြီးနောက် သူ တိုးတိုးလေး ပြောလိုက်သည်။

"ငါမင်းကို မေးမလို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ... "

Mu Jiayan က ပါတီပွဲ လုပ်နေတာ ဖြစ်သည်။ သူက တိတ်ဆိတ်တဲ့နေရာကို သွားလိုက်သည်။ Li Feng ပြောတဲ့ စကားများကို ကြာပြီးနောက်၊ ရှက်ရွံ့စွာဖြင့်

LiHun Zhiqian/ Before the Divorce (မြန်မာပြန်) [Completed]Where stories live. Discover now