UNICODE
Before the divorce
Chapter 6 – Part 2
Han Shi (ဟန်ရှိ) ၏ မျက်နှာသည် တဖြည်းဖြည်း အေးစက်လာသည်။
Yu Bin (ယွိပင်း) သည် Li Feng (လီဖုန်း) ၏ ဂျူနီယာ၊ နောက်လိုက်မင်းသားဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံးပွဲဦးထွက်တွင်လည်း Li Feng နဲ့ အတူတူတွဲဖက် လုပ်ကိုင်ခဲ့ဖူးသည်။ Han Shi နဲ့ Li Feng လက်မထပ်ခင်ကလည်း သူက Li Feng နဲ့ ကောလဟာလ ထွက်ခဲ့ဖူးသည်။
ဒါ့ကြောင့် လူအများကြီး ဖိတ်ကြားမခံခဲ့ရပေမယ့် သူ့ကိုတော့ ဖိတ်ကြားခဲ့ကြသည်။
Han Shi ရယ်မောလိုက်ပြီး စဉ်းစားမိတာက အကယ်၍ ရိုက်ကူးရေးအဖွဲ့တွေကသာ တမင်သက်သက် လုပ်တာဆိုရင် သူက ဇာတ်ညွှန်းကို ဝါးစားပစ်မှာပင် ...
Li Feng က ရိုက်ကွင်းပေါ်မှာ သူ့ကိုနမ်းတဲ့ အပိုင်းက ထုတ်လွှင့်မပြသရသေးပေ။ လူတိုင်းက အခုချိန်ထိ သူနဲ့ Li Feng ကို ဆိုးရွားတဲ့ ဆက်ဆံရေး ရှိတယ်လို့ ခံစားနေကြရပြီး သူ့ကို ဟာသတစ်ခုအဖြစ် မြင်တွေ့ဖို့ စောင့်နေကြဆဲ ဖြစ်သည်။ ဒီတစ်ကြိမ် Yu Bin ကို ဖိတ်လိုက်ပြီးမှ Li Feng နဲ့သူနဲ့က အပြန်အလှန် တုံ့ပြန်ဆက်ဆံရေးမျိုး မရှိဘူးဆိုလျှင်... ဘယ်လောက်တောင်များ သူတို့သတင်းက ဝက်ဝက်ကွဲ ပူညံနေမယ်ဆိုတာ စိတ်ကူးကြည့်နိုင်သည်။
တချို့ပရိတ်သတ်တွေက အရင်တုန်းက Post/ စာတွေတင်ပြီး ဆွေးနွေးခဲ့ကြဖူးတယ်မလား? လူတိုင်း ယုံကြည်တာက Yu Bin က Li Feng နဲ့ ပို၍လိုက်ဖက်တယ်လို့ပင်။
ဒီလူသုံးယောက်စလုံးက ပွဲတစ်ခုတည်းမှာ...
Han Shi က ခဏလောက်ငြိမ်သက်နေပြီးနောက် ရုတ်တရက် ပြုံးတစ်ပွင့်ဖြင့် ဒါရိုက်တာကို မော့ကြည့်လိုက်သည်။
"ငါ ပွဲဦးထွက်တဲ့နှစ်ကတည်းက ရှိုးဘယ်လောက်များများ ရိုက်ကူးရေးရပ်ပစ်လိုက်သလဲဆိုတာ မင်းသိလား။"
YOU ARE READING
LiHun Zhiqian/ Before the Divorce (မြန်မာပြန်) [Completed]
General Fiction睡前故事集·离婚之前 Before the Divorce Author - Man Man He Qi Duo 漫漫何其多 9 chapters + 3 epilogues (Completed) All rights reserved to original owner. This is fan translation.