UNICODE
Before the Divorce 04 – Part 2
ညစာစားပြီးနောက် သူတို့နှစ်ဦး သည် ခြံဝင်းသို့ ပြန်လာခဲ့ကြသည်။ တွဲဖက်ဒါရိုက်တာနှင့် ကင်မရာမင်းတို့က နောက်ကလိုက်လာရန် မလိုအပ်တော့ချေ။ စူးစမ်းလိုစိတ်ရှိကြသော ဝန်ထမ်းများအားလုံးသည် စောင့်ကြည့်ခန်းထဲသို့ ဝင်လာကြပြီး အတင်းအဖျင်း သတင်းများကို စောင့်နေခဲ့ကြသည်။
အကြောင်းက သူတို့က အခန်းခွဲ အိပ်သောကြောင့်ပင်။ Han Shi (ဟန်ရှိ) နှင့် Li Feng (လီဖုန်း) တို့က သူတို့ရဲ့မတူညီတဲ့အခန်းတွေကို ပြဖို့ မဝင့်ရဲကြပေ။ အဖွဲ့ကလည်း သူတို့ အိပ်ရာမဝင်ခင်တိုင်း ကင်မရာကို ဖုံးထားခဲ့တာသာ တွေ့ရသည်။ စောင့်ကြည့်ခန်းထဲက လူအတော်များများဟာ သက်ပြင်းချလိုက်ပေမယ့် ဘယ်သူကမှ ထိုလူနှစ်ယောက်ကို အစီအစဉ်အဖွဲ့၏ စည်းမျဉ်းများအတိုင်း တစ်နာရီ ထက်ပို၍ ကင်မရာကို မဖုံးရန် မပြောရဲကြပေ။
တိတ်ဆိတ်သော တစ်ညတာ ကုန်လွန်ပြီး နောက်နေ့မနက်တွင် လူတိုင်းနံနက်စာစားပြီး game မှတ်တမ်း အနည်းငယ်လုပ်ကာ ရိုက်ကူးရေးကို ရပ်နားလိုက်သည်။ Lifeng ၏ အချိန်ဇယားသည် အလွန် တင်းကျပ်ပေသည်။ သူ၏အေးဂျင့်သည် ရိုက်ကွင်းအထိ လိုက်လာပြီး ရိုက်ကူးရေးပြီးသည်ကို စောင့်ကာ Li Feng အတွက် နောက် အချိန်ဇယား တစ်ခု အသင့်ဖြစ်နေရန် စောင့်စားနေရသည်။
Li Feng ကားပေါ် ချက်ချင်း မတက်ခဲ့ပေ။ Han Shi က ပေါ့တီးပေါ့ဆမို့ လူးတဲ့ ဆေးကို အခန်းထဲတွင် ထားခဲ့သည်။ Li Feng က ဆေးကိုယူလာပြီး သူ့လက်ထောက်ကို Han Shi ဆီ ပို့ခိုင်းလိုက်သည်။
Li Feng ၏ အေးဂျင့်သည် ကားပေါ်တွင်အကြာကြီး စောင့်နေခဲ့ရသည်။ ကားပေါ်ရောက်တော့ Li Feng သည် အေးဂျင့်လက်မှ ဖိုင်တွဲကို ယူ၍ ဖတ်ပြီးနောက် သေချာရှင်းပြလိုက်သည်။
"Han Shi နဲ့ ကွာရှင်းရမည့်အချိန်ကို အနည်းဆုံး နှစ်ဝက် ပြောင်းဖို့ လိုမယ့် အလုပ်အစီအစဉ်ရှိရင် မင်းကြိုတင်ပြင်ဆင်သင့်တယ်၊ စီးပွားရေးကိစ္စတွေကိုမနှောင့်နှေးစေနဲ့။"
Li Feng ၏ အေးဂျင့်သည် အံ့အားသင့်သွားသည်။ သူမသည် Han Shi က Reality Show ရိုက်ရန်အတွက် Li Feng ကို ကပ်ကာ အချိန်များ ဖဲ့ယူခဲ့သည်ကိုပင် အလွန် မကျေမနပ်ဖြစ်နေခဲ့သည်။
YOU ARE READING
LiHun Zhiqian/ Before the Divorce (မြန်မာပြန်) [Completed]
Ficción General睡前故事集·离婚之前 Before the Divorce Author - Man Man He Qi Duo 漫漫何其多 9 chapters + 3 epilogues (Completed) All rights reserved to original owner. This is fan translation.