*15*

104 1 0
                                    

မကြာမီ စားပွဲပေါ်သို့ ပိုက်ဆံအထက်လိုက်ကို ထိုအန်တီကတင်လိုက်သည်။ထိုအရာတွေကို ပိုင်မြင်လိုက်တော့ သူမရဲ့ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ခါ

"ပိုင်ဒါတွေကို မမက်မောဘူး အန်တီ ၊ ကိုကို ကို ချစ်ခဲ့သာဒီပိုက်ဆံတွေမက်လို့မဟုတ်ဘူး အန်တီ"

ထိုအခါ ကိုကို့ မေမေသည် ပိုက်ဆံအိတ်ထဲက နောက်ထက် ပိုက်ဆံများကို ထက်ထုတ်လာလေသည်။

"အိုး ဒါတွေကမင်းအတွက် မလုံလောက်သေးဘူးလားကွဲ့"

"အန်တီ ထင်သလို မဟုတ်ဘူးလို့ ပိုင်ပြောနေတယ်"

"မင်းမှာ မိဘမရှိတော့ သင်ပေးဆုံးမမှုမရှိလို့
ကိုယ်နဲ့ မတန်ရာလူကိုမင်းမျှော်မှန်းနေသာ"

"အန်တီ စကားကို ကြည့်ကြပ်ပြောပါ ပိုင်မှာ
မိဘမရှိသာနဲ့ပဲ ပိုင်က အထိမ်းအကွက်မဲ့နေတဲ့မိန်းကလေးမဟုတ်ပါဘူး"

ပိုင် မျက်ရည်များ ၀ဲလာလေသည်။

"အိုး မင်းဒီလိုအပြောမခံနိူင်ရင် အန်တီသားနဲ့အဆက်ဖြတ်လိုက်တော့လေ"

"အန်တီ လက်ခုပ်ဆိုသာ နှစ်ဖက်တီးမှမြည်သာပါ ကိုကို ကိုယ်တိုင်က မိဘမရှိ သင်ပေးဆုံးမမှုမရှိတဲ့ ပိုင်ကို ချစ်ခဲ့သာ"

"ပိုင်ပဲပြောမနေနဲ့အန်တီ ကိုကို ကိုလည်း ပြောသင့်တယ်"

ထိုသို့ပြောတော့ ဒေါ်ခိုင်၀ါ က ပိုင် ကိုလက်ညိုးထိုးရင်း

"မင်း လူကြီးကို ဒီလိုတစ်ခွန်းမကျန်ပြန်ပြောနေတော့သာပဲလား ဟင်း ဒါကြောင့်မလို့ သင်ပေးဆုံးမမှုမရှိတဲ့ လူလို့ပြောသာပေါ့"

ပိုင် သူမရဲ့ပေါင်ပေါ်က တုန်နေတဲ့လက်လေးနှစ်ဖက်ကို တင်းတင်းဆုပ်ရင်း

"အော် ဒါဆို အန်တီကပဲ ပိုင်ကို သင်ပေးပါအုံး အန်တီသားနဲ့ ပိုင်က ဘာလို့မတန်သာလဲဆိုသာကို"

"မင်း....မင်းကဲဟယ်"

ထိုအန်တီဟာ သူရှေ့က ကော်ဖီတွေနဲ့ ပိုင်ကို ပက်ချလိုက်သည်။ဒါပေမဲ့ ကော်ဖီတွေဟာ ပိုင်ဆီကိုမရောက်ခင်မှာပဲ ကောင်လေးတစ်ယောက်က ပိုင်ရှေ့မှ ၀င်လာတော့ ထိုကောင်လေး နောက်ကျောကို ကော်ဖီပူပူများ အပက်ခံလိုက်ရသည်။

နေထက်သာ ထိုကော်ဖီပူတွေ နောက်ကျောကို အပက်ခံရပေမဲ့  မ မှုပဲသူ့ရဲ့ ရင်ခုန်သံလေးကိုကြည့်လိုက်သည်။
သူမက ခေါင်းလေးကိုငုံ့ထားရင်းသူမလက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားလေသည်။ထိုလက်ပေါ်သို့ မျက်ရည်များတပေါက်ပေါက်ကျနေလေသည်။နောက်နေထက်သာ လက်မောင်းကိုတစ်ယောက်ယောက်က ဆွဲကာသူမရှေ့မှဆွဲဖယ်လိုက်သည်။ထိုသူက ပိုင်ရဲ့သူငယ်ချင်း *ရှင်းသန့်*ဆိုသူဖြစ်သည်။နောက်တစ်ယောက်က ကောင်မလေးဖြစ်သည်။ထိုကောင်မလေးက

"အန်တီ နောက်ထပ်လက်ပါလာရင် ကျွန်မကလည်း လူကြီးဆိုပြီး မလုပ်ဘူးမထင်နဲ့"

"ကျွန်မ သူငယ်ချင်းကို အန်တီ လက်ဖျားနဲ့တောင်ထိစရာမလိုဘူး"

တစ်ဖက်မှာ ရှင်းသန့်က ပိုင်ရှေ့မှာ ဒူးထောက်လိုက်သည်။

"ပိုင် ဘာဖြစ်သွားသေးလဲ"

အဖြစ်အပျက်များကမြန်ဆန်လွန်းလှသည်။ဆိုင်ထဲ၌ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

နေထက်သာ သူ့ပစ္စည်းများကိုယူ၍ဆိုင်ထဲကထွက်လာသည်။သူနှလုံးသားကို အပ်တွေနဲ့ ထိုးနေသလို နာကျင်နေမိသည်။သူ ဆိုင်ရဲ့အုတ်နံရံကို လက်တီးဆုပ်၍ ထိုးချလိုက်သည်။သူလက်တွင် သွေးများထွက်လာကာတစက်စက်ကျနေသည်။ဒါပေမဲ့နေထက်သာ သတ်မထားမိပါ အပေါ်ရံဒဏ်ရာထက် သူရင်ထဲကပိုနာကျင်နေရသည်။"ဘာလို့ မိုးထည်၀ါကအဲဒီနေရာမှာ ရှိမနေသာလဲ"

ဒီမြင်ကွင်းတွေကို အဆအဆုံး ရှိုင်းကမြင်လိုက်သာကိုတော့ နေထက်သာမသိလိုက်ပေ။

{ကျွန်တော် အပိုင်းတွေတင်သာ နောက်ကျသာကို တောင်းပန်ပါတယ် နေမကောင်းနေလို့ မေမေက ကျွမ်တော်ကို ဖုန်းမကိုင်ခိုင်းလို့ပါ။
နေကောင်းတော့လဲ ကျွန်တော် နည်းနည်းအပြင်းထူနေမိလို့ပါဗျာ😀😀😀}

ပိုင်ရှင် ရှိသော ကျွန်တော်  ရင်ခုန်သံ လေး{Z+U}Where stories live. Discover now