*20*

108 3 0
                                    


"အော် ဆန်းရှိုင်းပါလား ရုပ်ရှင်လာကြည့်သာလား" နေထက်သာ ရှိုင်းကိုကြည့်၍ပြောလိုက်သည်။

"ဟုတ်တယ်အကို ကျွန်တော် သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်လာသာ ဒါနဲ့အကိုက ဒီမှာဘာလုပ်နေသာလဲ ရုပ်ရှင်မကြည့်ဘူးလား "

"အင်းမကြည့်ဘူး လက်မှတ်ကုန်သွားလို့လေ မနေနဲ့ တူးတူးကရုပ်ရှင်ကြည့်နေလို့ အကိုကစောင့်နေသာ သွားတော့လေ သူငယ်ချင်းတွေကစောင့်နေတယ်" နေထက်သာ ရှိုင်းသူငယ်ချင်းတွေရှိရာဆီကိုကြည့်ကာ ပြောလိုက်လေသည်။

"ဒါဆိုသွားလိုက်အုံးမယ်နော်အကို"
"အင်း" နေထက်သာ ရှိုင်းထွက်သွားတော့ ခုံပေါ်မှာပြန်ထိုင်ကာ ကောင်းကင်က ထိန်ထိန်သာနေသော လမင်းကြီးကို အကြောင်းမဲ့ကြည့်နေမိလေသည်။ခဏကြာတော့ သူဆီကိုလူလာနေမှန်း နေထက်သာခံစားမိလို့ ကြည့်လိုက်တော့ ရှိုင်းသူဆီကို လာနေမှန်းသိလိုက်ရသည်။နေထက်သာ သူမျက်ခုံးတွေကို ကျုံလိုက်၍

"မင်းဘာဖြစ်လို့ ပြန်လာသာလဲ ရုပ်ရှင်မကြည့်ဘူးလား"

"အာ ဒီရုပ်ရှင်ကားကို ကျွန်တော်မကြိုက်လို့အကို" ရှိုင်းရှက်သွားသောမျက်နှာလေးနဲ့ပြောလေသည်။အမှန်က ရှိုင်းသူငယ်ချင်းတွေနဲ့ ရုပ်ရှင်ရုံထဲသို့၀င်ခဲ့ပေမဲ့ သူ့အကိုမျက်နှာမကောင်းတော့သူကြည့်ဖို့စိတ်မ၀င်စားလို့ နေထက်သာဆီပြန်လာခဲ့ခြင်းဖြစ်လေသည်။

"အကို မျက်နှာမကောင်းဘူး အဆင်ပြေရဲ့လား"

"ဟက်..."နေထက်သာ တစ်လလောက်ပဲသိရတဲ့ ကောင်လေးက သူမျက်နှာကိုဖတ်နိူင်လို့ သူအံသြကာ ဤသို့ လုပ်လိုက်ခြင်းဖြစ်သည်။

"အင်းအဆင်ပြေတယ်လို့ပြောရင်လည်းလိမ်သလိုဖြစ်မှာပေါ့ တခြားလူတွေအချစ်ကိုဘယ်လိုခံယူထားလဲငါမသိဘူး ငါကတော့ အချစ်ဆိုသာ ရယူနိူင်ဖို့ထက် သူအတွက်နည်းနည်းလေးပဲဖြစ်ဖြစ်ပျော်အောင်ဖန်ထီးပေးနိူင်ရင်ကို ငါကကျေနက်နေသာ ဒါကိုသူမမသိလည်း ဘာမှမဖြစ်ဘူး" ရှိုင်းနားမလည်သလို မျက်လုံးတွေနဲ့ သူကိုကြည့်နေသာမြင်တော့

"အာ ထားလိုက်တော့ ငါ ခေါက်ဆွဲပြုတ်စားသွားမလို့ လိုက်မလား"

"လိုက်မယ်အကို" ဒီစကားကို ရှိုင်းမဆိုင်းမတွဖြေလိုက်လေသည်။သူ့အကိုက ပထမဆုံးသူကိုအပြင်ခေါ်သာဆို့တော့ သူဘက်ငြင်းဖို့အကြောင်းမရှိပါ။သူတို့ဆိုင်ဆီကိုလမ်းလျှောက်ခါသွားနေရင်း

"အကို က တစ်ယောက်ထဲလာသာလား"
"မဟုတ်ဘူး မနေနဲ့တူးတူးပါတယ်"
"အော်ရှေ့မှာဆိုင်ရောက်ပြီ"နေထက်သာ သူတို့ရှေ့ကဆိုင်လေးကို လက်ညိုးထိုးကာ ရှိုင်းကိုပြောလိုက်သည်။ နောက် နေထက်သာ ဆိုင်မှ အစပ်ခေါက်ဆွဲပြုတ်ကို နှစ်ယောက်စာမှာလိုက်သည်။ ခေါက်ဆွဲပြုတ်ကိုစားရင်း နေထက်သာ ရှိုင်းကို အမှတ်မထင်ကြည့်လိုက်သည်။ဆိုင်ရဲ့မီးရောင်အောက်က ရှိုင်းနဖူးမှာ ချွေးတွေစို့နေသည်။သူ့နှခေါင်းလေးမှာ လဲနီရဲနေသည်။ဒါကိုကြည့်ရုံနဲ့ ရှိုင်းဘယ်လောက်စပ်နေလဲသိနိူင်သည်။

"မင်းအစပ်စားနိူင်လို့လား" ထိုသို့ပြောတော့ ရှိုင်းမျက်နှာလေးမော့လာသည်။သူမျက်လုံးတွေမှာ မျက်ရည်တွေ၀ိုင်းနေလေသည်။

"မင်းကွာမစားနိူင်ရင်လဲပြောသာမဟုတ်ဘူးရော့အချိုရည်သောက် ဆက်မစားနဲ့"နောက်နေထက်သာ သစ်ရှုးကိုယူကာ ရှိုင်းနဖူးက ချွေးတွေကို သုပ်ပေးလိုက်လေသည်။

"ကျွန်တော် အားနာလို့ ပါ ဒီနေ့ပိုက်ဆံက ပါမလာတော့ အကိုပဲရှင်းပေးရမှာဆိုတော့ အကို့ပိုက်ဆံပိုကုန်မှာဆိုးလို့ပါ"

"ဟားး ဟားးးငါက အဲလောက်လဲမနှမျောတက်ပါဘူးကွာ"
"ဟူး တော်တော်စပ်သာပဲ အကို အစပ်တွေမတအားမစားနဲ့ အကိုဆံပင်တွေကျွှတ်ကုန်မယ်"

"ဟက် မင်းဘယ်ကပေါက်တက် ကရတွေကြားလာသာလဲ" နောက်သူတို့စားသောက်ပြီးတော့ ရုပ်ရှင်ရုံသို့ပြန်လာခဲ့လေသည်။မကြာမီ ဇတ်ကားပြီးတော့ နေထက်သာ သူ့အမကိုသွားကြိုမလို့လုပ်ရင်းနေထက်သာ
ရှိုင်းဘက်လှည့်ကာ

"မင်းအိမ်တန်းပြန်နော် လျှောက်သွားမနေနဲ့"

"ဟုတ်အကို"ရှိုင်းပြုံးကာပြောလေသည်။စကားနားထောင်သော ညီလေးတစ်ယောက်လောက် နေထက်သာငယ်ငယ်က လိုချင်မိခဲ့သည်။အခုတော့ ရှိုင်းဟာ သူ့အတွက်ချစ်စရာညီတစ်ယောက်ဖြစ်လာလေသည်........

ပိုင်ရှင် ရှိသော ကျွန်တော်  ရင်ခုန်သံ လေး{Z+U}Tempat cerita menjadi hidup. Temukan sekarang