*22*

96 2 0
                                    

ညက နေထက်သာ လွယ်လွယ်အိပ်မပျော်ခဲ့လို့ နောက်နေ့မနက်တွင်စောစောမထနိူင်ပါ။နေထက်သာ 9နာရီထိုးသည်ထိ အိပ်နေလေသည်။ထိုအချိန် နေထက်သာ ဖုန်းမှ သာယာသောသီချင်းသံလေးမည်လာကာ သူ့ရဲ့မမဆီက ဖုန်းလာလေသည်။နေထက်သာ အကျင့်အတိုင်းမထပဲ ဖုန်းကိုလက်နဲ့စမ်းကာကိုင်လိုက်သည်။

"ဟယ်လို " အိပ်ချင်မူးတူးနဲ့အသံကို မနေကြားတော့

"ဟယ် ထက်ထက်ခုထက်ထိအိပ်တုံးပဲလား"ထို့သို့ ပြောမှ နေထက်သာ သူ့အမမှန်းသိကာ

"အော် မနေလား ဟဲဟဲကျွန်တော်ညက အိပ်သာနောက်ကြသွားလို့ပါ " အကျောဆန့်ရင်း နေထက်သာပြောလေသည်။ခုမှသူ အိပ်ယာမှထကာ မျက်လုံးဖွင့်တော့သည်"

"ထက်ထက် ညနေကြအားလား မနေစျေး၀ယ်စရာရှိလို့ လိုက်ပို့ပေးပါလား ကုန်တိုက်ကို"

"အားတယ်မနေ လိုက်ပို့ပေးမယ် ကျွန်တော်အိမ်ကိုလာကြိုရမှာလား"နေထက်သာထိုသို့ပြောတော့

"အေး အာဆိုပိုကောင်းသာပေါ့ ထက်ထက်အခုထတော့ အကြာကြီးအိပ်ရင် ခေါင်းကိုက်မယ်လေ ကလေးရဲ့ အာကြောင့် တစ်ယောက်ထဲမထားခြင်းသာပေါ့ အခုခေါင်းကိုက်နေလား" စိတ်ပူသော သူ့မမအသံကြားတော့ နေထက်သာပြုံးလိုက်မိသည်။

"မကိုက်ပါဖူးမမရဲ့ သားကခု အိပ်ရေး၀သွားပြီ ပြီးတော့ မမအသံလေးကြားတော့ ခေါင်းကိုက်သာတွေပါပျောက်သွားတယ်ဗျ"

"အမလေးငချွဲလေးရယ် အာဆိုဒါပဲနော် ညနေကြတွေ့မယ်"

"ဟုတ် မနေ" ဒီလိုနဲ့ မောင်နှမနှစ်ယောက်စကားပြောခြင်းပြီးသွားပြီဖြစ်သည်။

ညနေကြ နေထက်သာ သူ့မမကိုခေါ်ကာ ကုန်တိုက်တို့သွားလေသည်။၀ယ်စရာပစ္စည်းတွေကများ၍ မောင်နှမနှစ်ယောက် ကုန်တိုက်ထဲ ၌ ကြာသွားကြ၍ မီးတွေပင်ထွန်းနေသည်။၀ယ်ပြီးသောပစ္စည်းတွေကို ကားဆီပြန်ထားကာမောင်နှမနှစ်ယောက် တစ်ခုခုစားဖို့ ကုန်တိုက်ဆီပြန်လာခဲ့သည်။ကုန်တိုက်ရဲ့ တတိယထပ်၌ မနေက သူ့သူငယ်ချင်းနဲ့တွေ့လို့ စကားပြောနေလေသည်။ဒါကြောင့် နေထက်သာ ကုန်တိုက်၏အထဲက ၀ရံတာမှ အောက်ထပ်ကိုကြည့်လိုက်သည်။ အောက်ထပ်တွင်လူများကစုစုနဲ့ နေရာတစ်ခုကိုကြည့်နေကြသည်။ နေထက်သာလဲထိုနေရာကို လိုက်ကြည့်လိုက်လေသည်။ မြင်လိုက်ရသော မြင်ကွင်းလေးက နေထက်သာ မျက်လုံးတွေကိုပြူး၀ိုင်းသွားစေသည်။ထိုသို့ဖြစ်သွားသော မျက်လုံးလေးဟာ တဖြည်းဖြည်းမျက်ရည်များဖြင့်ပြည့်လာသည်။တဆက်ဆက်တုန်နေသော သူ့နှုတ်ခမ်းတွေ ကို သွားလေးများနဲ့ ဖိကိုက်လိုက်လေသည်။နေထက်သာထိုနေရာမှထွက်မသွားသေးပဲ ငြိမ်ကာ ကျောက်ရုပ်လေးလိုဖြစ်နေသည်။ထိုအချိန် မနေရောက်လာကာ သူလက်မောင်းလေးကိုဆွဲ သူ့ဘက်လှည့်လိုက်တော့

ပိုင်ရှင် ရှိသော ကျွန်တော်  ရင်ခုန်သံ လေး{Z+U}Where stories live. Discover now