Final *27*

498 5 0
                                    

သာယာသောမနက်ခင်းလေးတစ်ခုဖြစ်လေသည်။လေပြေလေညင်းများကလည်းညင်ညင်သာသာတိုက်ခတ်နေလေသည်။ရှိုင်းကော်ဖီဆိုင်တစ်ခုတွင်ထိုင်ကာ တစ်ယောက်ယောက်ကိုစောင့်နေလေသည်။သူ့ရှေ့စားပွဲပေါ်တွင် လည်း ဒိုင်ယာရီစာအုပ်လေးတစ်ခုရှိလေသည်။မကြာမီကောင်မလေးတစ်ယောက်ရောက်လာခဲ့သည်။သူကတော့ သိမ်မွေ့ပိုင်ဖြစ်လေသည်။

"ရှိုင်း မမကိုဘာလို့ခေါ်သာလဲ"
"မမကိုပြစရာစာအုပ်တစ်အုပ်ရှိလို့ပါအဲဒါကိုမပြခင် မမကိုတောင်းဆိုစရာရှိတယ် မမစာအုပ်ကိုဖတ်ပြီးရင် စာအုပ်ရေးတဲ့သူကို အထင်မသေးလိုက်ပါနဲ့သူ့အတွက်ဒီစာအုပ်ဟာသူ့နှလုံးနဲ့ရင်းပြီးရေးထားလို့ပါ" ရှိုင်းမျက်နှာဟာတည်ကြည်နေသည်။ရှိုင်းစကားလုံးတိုင်းဟာ သူဘယ်လောက်စာအုပ်အပေါ် အလေးထားလည်းဆိုသာ သိမ်မွေ့ပိုင်သိရသည်။ရှိုင်းကမ်းပေးသောစာအုပ်လေးကို ပိုင် တယုတယယူလိုက်ခါ စာအုပ်လေးကိုဖွင့်လိုက်သည်။

ရှိုင်း အကိုရဲ့ ဒိုင်ယာရီကိုဖတ်နေသော မမပိုင်မျက်နှာကို ရှိုင်းမျက်တောင်မခတ်ကြည့်နေသည်။ပြီးတော့မျက်လုံးတွေကိုရောပေါ့။မျက်လုံးဆိုသာ ဘယ်တော့မှလိမ်လို့မရဘူးလေ။စာအုပ်ဖတ်နေသောမမပိုင်မျက်လုံးတွေဟာ ပထမသာမာန်ပါပဲ။နောက်တော့ တဖြည်းဖြည်းပြောင်းလဲလာသည်။စာအုပ်တစ်မျက်နှာပြီးတိုင်း မမပိုင်အပြုံးလေးနဲ့မျက်ရည်စတွေကိုသုပ်ကာဖတ်နေလေသည်။စာအုပ်ဖတ်ပြီးတော့ မမပိုင်ကရှိုင်းကို မော့ကြည့်လာသည်။မမပိုင်မျက်၀န်းတွေထဲမှာမျက်ရည်စတွေနဲ့ပါ။

"ဒါ.....ဒါကို...ကိုနေရေးသာမလား ရှိုင်း"
"အင်းဟုတ်တယ် ကိုနေက မမအပေါ်ထားတဲ့အချစ်ဟာ ကိုမိုးထည်၀ါထက်တော့သာပါတယ်ဗျာမရုံရင် ကိုနေနောက်ကျောကိုကြည့်ပါ အခုထိကော်ဖီပူလောင်တဲ့ဒဏ်ရာအမာရွတ်ရှိနေသေးတယ် မမပိုင်"

"ကျွန်တော်သွားတော့မယ် မမပိုင်ကို စကားလက်ဆောင်လေးပေးခဲ့ချင်လို့ပါ ကိုချစ်ထက် သူချစ်ကိုရှာရတယ်တဲ့လေ" ရှိုင်းအပြုံးလေးနဲ့ပြောကာ ထိုဆိုင်မှထွက်ခဲ့လေသည်။

နေ့လည် ၁၂နာရီထိုးသည်ထိ ရှိုင်း ကွန်ဒိုမှာရှိနေခဲ့သည်။ဒီနေရာလေးဟာ သူနဲ့သူ့အကိုရဲ့အငွေ့အသက်တွေရှိနေတဲ့နေရာမလို့ပါ။အကိုမွေးနေ့က နေ့လည်၁၂နာရီမှာဖြစ်သည်။ရှိုင်းတမင်နောက်ကြကာ၁၂နာရီခွဲမှထိုနေရာသွားခဲ့သည်။အကိုအခန်းရှေ့တံခါးပေါက်မှလေးထောင့်ကျကျမှန်ကနေ ရှိုင်းအထဲကိုကြည့်လိုက်သည်။

ဆေးရုံခုတင်ပေါ်မှာ အကိုရဲ့ပြုံးနေတဲ့မျက်နှာလေးကို ရှိုင်းမြင်ရလေသည်။အကိုဘေးမှာ မမပိုင်ကမွေးနေ့ကိတ်လေးကိုကိုင်ထားသည်။ကိုကိုမေမေနဲ့ မနေရယ် တူးတူးတို့ကမွေးနေ့သီချင်းကို သံပြိုင်သီဆိုနေလေသည်။အားလုံးမျက်နှာဟာ အပြုံးတွေနဲ့ပါပဲ။ရှိုင်း သူ့ရှေ့က ကမ္ဘာငယ်လေးဆီသို့ သွားဖို့ အကြောင်းမရှိဘူးလို့တွေးကာ ရှိုင်းထိုအခန်းလေးကို ကျောခိုင်းလိုက်လေသည်။ရှိုင်းမျက်ရည်လေးဟာ ထိုနေရာမှာကြွေကျခဲ့လေသည်။

"ကိုကို ကျွန်တော်ကိုကိုအတွက်လက်ဆောင်ကိုတစ်ခြားတစ်ယောက်ကနေပေးခိုင်းလိုက်တယ်။ကိုကိုပေးတဲ့လက်စွပ်နှစ်ကွင်းကို ကိုကို ကိုပြန်ပေးလိုက်တယ်။အဲဒါကကျွန်တော်အတွက်မလိုတော့ဘူး။မမပိုင်နဲ့ ကိုကိုအတွက်ပြန်ပေးလိုက်တယ်။ကိုကိုလက်ဆောင်ရဲ့ ကိုယ်ပွားလေးကိုတော့ ကျွန်တော်နှလုံးသားနဲ့ အနီးဆုံးမှာ တက်တူးထိုးထားတယ်ကိုကို အခုကျွန်တော်ဟာ ကိုကို ဒိုင်ယာရီရဲ့ ခေါင်းစဥ်လေးလိုဖြစ်နေတယ်ကိုကို"

*ပိုင်ရှင်ရှိသော ကျွန်တော်ရင်ခုန်သံလေး* ဟာ ကိုကိုပါပဲ။

*ကျွန်တော် ကိုကို ကို ချစ်တယ်*

*ကိုကိုဟာ ရှိုင်းအတွက် ပထမဆုံးနဲ့နောက်ဆုံးအချစ်ပါပဲဗျာ*

ရှိုင်းဆေးရုံရှေ့ရောက်တော့ ခြေလှမ်းတွေကိုရပ်ခါ လက်ရှည်အကျီရဲ့ဘေးထိုးထဲသို့ လက်ထည့်လိုက်တော့ လေယာဥ်လက်မှတ်လေးကိုစမ်းလိုက်မိသည်။ရှိုင်း မျက်၀န်းမှ မျက်ရည်စက်များကြွေကျလာကာ

*နှုတ်ဆက်ခဲ့ပါတယ်ကိုကို ကံမကုန်ရင်ပြန်ဆုံကြသေးသာပေါ့ ကိုကိုရာ*
ရှိုင်း ဆေးရုံဘက်လှည့်ကာ ပြောလိုက်လေတော့သည်.................


ပြီးပါပြီ

စာဖတ်သူများအားလုံး ဘ၀မှာ တစ်ဖက်သတ်ချစ်ခြင်းမျိုးမှ ကင်း​ေ၀းနိူင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်။မကြာခင် ကျွန်တော် နောက်ထပ်ဇာတ်လမ်းအသစ်လေးတင်မှာပါ အဲဒီခါကြလည်း ဖတ်ပေးကြပါအုံးဗျာ။

ဇာတ်လမ်းလေးကို ဖတ်ရသာ စာဖတ်သူတွေအနေနဲ့ သဘောကြရင် vote ပေးခဲ့လို့ရပါတယ်ခင်ဗျာ🙂🙂🙂

🎉 You've finished reading ပိုင်ရှင် ရှိသော ကျွန်တော် ရင်ခုန်သံ လေး{Z+U} 🎉
ပိုင်ရှင် ရှိသော ကျွန်တော်  ရင်ခုန်သံ လေး{Z+U}Where stories live. Discover now