*25*

143 1 0
                                    

"ကိုကို ဘာမှမဖြစ်ရဘူးနော်........." ရှိုင်းတုန်ရီနေသော အသံလေးနဲ့ဆိုလေသည်။သူ့ရှေ့က သွေးအိုင်ထဲလဲနေသော အကို့ကိုမြင်တော့ ရှိုင်းဘယ်မှမရွေ့ပဲ ထိုနေရာမှာပဲရပ်နေမိသည်။ရှိုင်းနှလုံးသားတွေကွဲတော့မလိုခံစားနေရသည်။

ပိုင် သွေးအိုင်ထဲလှဲနေသော ထိုလူဆီတို့ပြေးသွားကာ ထိုလူးဦးခေါင်းကို သူမလက်တွေနဲ့မလိုက်ခါ

"ပိုင်တောင်းပန်ပါတယ် ပိုင်ကြောင့်အခုလိုဖြစ်ရသာပါ " ပိုင်တစ်ယောက် မျက်ရည်ကျရင်းနဲ့ဆိုလေသည်။နေထက်သာကတော့ သူ့ရဲ့ရင်ခုန်သံလေးအသက်ကို ကယ်လိုက်နိူင်လို့ ပြုံးနေလေသည်။သူ့ဦခေါင်းဆီမှ ပြင်းထန်စွာနာကျင်လာမှုကို ရှိုင်းခံစားလာရသည်။တဖြည်းဖြည်း အရာအားလုံးဟာ မှုန်၀ါးလာလေသည်။ပြာလာသော သူမြင်ကွင်းတွေကပျောက်ကွယ်သွား လေသည်။ဒါပေမဲ့ သူ့နားထဲတွင် သူ့ရဲ့ရင်ခုန်သံလေးရဲ့ စိုးရိမ်သံကိုကြားတော့ နေထက်သာ သေပျော်ပြီလို့သွေးကာ အရာရာကတော့ အမှောင်အတိဖြစ်သွားတော့သည်။

"ကယ်ကြပါအုံးရှင် ခေါ်လို့မရတော့ဘူး ဆေးရုံကားကို ခေါ် ပေးကြပါအုံး" ပိုင်ထိုသို့ ပြောမှ ဘေးနားက လူအုပ်ကြီးက ဆေးရုံကားခေါ်ကြလေသည်။

ရှိုင်း အသိ၀င်ကာ နေထက်သာဆီ သွားမလို့ခြေလှမ်းပြင်လိုက်ပေမဲ့ ရှိုင်းခြေလှမ်းတွေ တစ်၀က်တွင်ရပ်သွားမိသည်။ကိုကိုဘေးမှာ ဟိုအမရှိနေသောကြောင့်ဖြစ်သည်။ရှိုင်းရှိနေသာထက် ကိုကိုက သူ့ရဲ့ ရင်ခုန်သံလေးဘေးမှာရှိသာ ပိုသဘောကြလောက်တယ်လို့ထင်ကာ ရှိုင်းမသွားမိပါ။မကြာမီလူနာတင်ယျာဥ်ရောက်လာကာ ကိုကို ကိုခေါ်သွားကြသည်။ရှိုင်း တက်ဆီငှားကာ လူနာတင်ယာဥ်နောက်လိုက်ခဲ့လေသည်။ကားပေါ်တွင် ရှိုင်းသူ့အကိုဘာမှမဖြစ်ဖို့ဆုတောင်းနေမိသည်။ဆေးရုံရောက်တော့ ကိုကို ကတစ်ခါတည်း ခွဲစိတ်ခန်းထဲ၀င်ရလေသည်။ခွဲစိတ်ခန်းရှေ့တွင် သိမ့်မွေ့ပိုင်ရှိနေလေသည်။ပိုင် မျက်ရည်များကြကာ စောက်သိရာမရဖြစ်နေလေသည်။

ရှိုင်းကတော့ အ​ေ၀းတစ်နေရာကနေကြည့်နေမိသည်။သူထိုနေရာသွားဖို့ အင်အားမရှိပေ။ခဏကြာတော့ ကိုကိုမေမေနဲ့ မနေတို့ရောက်လာလေသည်။သူတို့တွေမျက်နှာထက် စိုးရိမ်မှုများ နဲ့ မျက်ရည်တွေကို အတိုင်းသား ရှိုင်းခံစားနေရသည်။ ခွဲစိတ်ခန်းရှေ့နားက ထိုင်ခုံပေါ်တွင် မနေနဲ့ အန်တီတို့ရှိနေကြသည်။အန်တီက တရားစာတွေရွှတ်ရင်းငိုနေလေသည်။မနေက လည်းအတူတူပါပဲ။မမပိုင်က အန်တီတို့ရှိရာဆီသွားကာ သူတို့ရှေ့မှာဒူးထောက်လိုက်ခါ

"သမီးတောင်းပန်ပါတယ် အန်တီရယ် သမီးကြောင့် သူအဲလိုဖြစ်သာပါရှင်" ပိုင် ငိုရင်းပြောလေသည်။ထိုအခါ အန်တီက

"အ​ဖြစ်အပျက်တွေကို အန်တီလည်းသိပြီးပါပြီ သမီးလည်းတမင်ရည်ရွယ်သာမှမဟုတ်သာ သားလေးရဲ့ကံကြာမာကြောင့်ပါပဲကွယ် အန်တီတို့အခုလုပ်နိူင်သာက သားလေးအတွက်၀ိုင်းဆုတောင်းပေးကြသာပေါ့"

နှစ်နာရီလောက်ကြာတော့ ဆရာ၀န်တွေအခန်းထဲကထွက်လာကာ ကိုကို့ ကိုခွဲစိတ်ခန်းထဲက ထုပ်လာကြသည်။ရှိုင်း မျက်လုံးတွေကို မှိတ်ထားမိ လိုက်သည်။သူ့အကို့ကို သူကြည့်မိဖို့မ၀င့်သောကြောင့်ဖြစ်သည်။အခြေအနေကြည့်ရသာ ကိုကို ကစိတ်ချသွားရပြီထင်ပါတယ်။ရှိုင်း ကွန်ဒို တို့ပြန်ကာ အခန်းထဲ၀င်ခဲ့လိုက်သည်။ပြီးတော့ အခန်းထဲက ကြမ်းခင်းပေါ်ထိုင်လိုက်သည်။ရှိုင်းရဲ့ လက်တွေအခုထိတုန်နေသေးသည်။သူအခန်းထဲ၌ အကြာကြီးငူငူငိုင်ငိုင်ထိုင်နေလေသည်။ဒီနေ့အဖြစ်အပျက်ကနေ ရှိုင်းသိလာရသာက သူ့အကို ကသူ့အတွက် ဘယ်လောက်အရေးပါနေပြီဆိုသာ သိလာရသည်။ရှိုင်းဘယ်တုန်းက မှ အခုလို မခံစားခဲ့ရဖူးသလို လူတစ်ယောက်ကို ဆုံရှုံးရမှာအရမ်းကြောက်မိသာ ရှိုင်းအတွက်ဒါဟာပထမဆုံးပါပဲ။ရှိုင်း သူ့လက်တွေနဲ့ တက်တူးလေးကိုထိလိုက်ခါ

"ကိုကို ခင်ဗျား ကို များ ကျွန်တော် .........ဟက်" ရှိုင်း အပြုံးလေးတစ်ခုဖန်တီးမိရင်း မျက်နချက်ကိုမော့ကြည့်လိုက်လေသည်။သူ့ကိုကို ဆေးရုံတက်နေရတဲ့ အကြောင်းတွေးမိတော့ ရှိုင်း ပါးပြင်ပေါ်သို့ကျလာတဲ့ မျက်ရည်စကိုသုပ်မိလိုက်ရင်း

"ကိုကို ခင်ဗျား ကျွန်တော်ကို ချစ်တက်အောင်တင်ပေးလိုက်ပြီပဲ လူတစ်ယောက်ကို ဘယ်လိုစိတ်ပူတက်အောင်ရောပေါ့"နောက်တော့ ရှိုင်းအိပ်ယာပေါ်လှဲကာ

"အာ ကိုကို ခင်ဗျားဘာလို့ ကျွန်တော်အတွေးထဲမှာနေရာအပြည့်ယူထားရသာလဲ
ကိုကို မြန်မြန်နေကောင်းလာရမယ်နော်" ဒီလိုနဲ့ ရှိုင်းဆိုတဲ့ကောင်လေးကတော့ အခန်းထဲမှာတစ်ယောက်ထဲ စကားတွေပြောနေလေသည်.............

ပိုင်ရှင် ရှိသော ကျွန်တော်  ရင်ခုန်သံ လေး{Z+U}Où les histoires vivent. Découvrez maintenant