*16*

109 2 0
                                    

နေထက်သာ ခြေလှမ်းတွေဟာ ကျောင်းဆီကို မဟုတ်ပဲ သူရဲ့ကွန်ဒိုဆီသို့ဦးတည်သွားလေသည်။အုတ်နံရံကိုထိုးခဲ့သော သူလက်တွေက သွေးများထွက်နေလေသည်။နောက်ကျောက ကော်ဖီပူလောင်သွားသော နေရာတွေက နာနေပေမဲ့ သူသတိမမှုမိပေ။ကွန်ဒိုရောက်တော့ သူအခန်းထဲသို့ ၀င်သွားကာ အခန်းတံခါးကိုပင် မပိတ်တော့ပဲ အိပ်ယာပေါ်သို့မှောက်လျှက်လှဲနေလေသည်။သူလက်တွေက သူကိုယ် ရဲ့ဘေးဘက်မှာချထားရင်း အိပ်ရာပေါ်မှာ သူနာကျင်မှုကိုခံစားနေလေသည်။

သူသာဆို ရင်ခုန်သံလေးကို တစ်ယောက်ထဲမလွှတ်နိူင်ပါ။ ကိုယ်မိဘတွေအကြောင်းကို သိနေရင် မိုးထည်၀ါက ဘာလို့ ဤသို့လုပ်ရာသာလဲ။သူရဲ့ ရင်ခုန်သံလေး အပြောခံရသည့် အတွက် နေထက်သာ ၀မ်းနည်းနေမိသည်။နေထက်သာ အိပ်ရာပေါ်မှမထပဲ အစကနေတဲ့အတိုင်းနေလေသည်။မကြာခင် သူ့လက်ဆီက စပ်ဖီးဖီး ခံစားလိုက်ရသည်။

"အ ... စပ်လိုက်သာ"

နေထက်သာ ထို့သို့ပြော၍ အိပ်ယာပေါ်က သူ့ခေါင်းအား မတ်ခါ မော့ ကြည့်လိုက်တော့ ရှိုင်းအားတွေ့လိုက်ရသည်။သူ့လက်စပ်သွားခြင်း၏ တရားခံကို သူအခုတွေ့သွားလေပြီ။အရက်ပျံစွတ်ထားသော ဂွန်းစနှင့် သူ့လက်အား ရှိုင်း ထိလိုက်သာကြောင့်ဖြစ်သည်။နေထက်သာ ရှိုင်းက သူ့အခန်းထဲ ၀င်လာသာကိုတောင် သတိမထားမိလိုက်ပေ။

" မင်းက ပတ်တီးစည်းတက်လို့လား "

မယုံကြည်သလို နေထက်သာ ရှိုင်းအားမေးလိုက်လေသည်။ထိုအခါ သူ့လက်အား ဆေးထည့်၍ ပတ်တီးစည်းပေးနေသောရှိုင်းက မော့ကြည့် လာခဲ့သည်။

" မေမေ ဆီက တင်ထားပါတယ် ၊ အခု အကျီချွတ်လိုက် အကို "

"ဘာ .... "

မျက်နှာတည်တည်နဲ့ပြောလာသော ရှိုင်းစကားကြောင့် နေထက်သာလန့်သွားသာတော့အမှန်။

" အကို ကော်ဖီဆိုင်မှာ လူစွမ်းကောင်းလုပ်ပြီး နောက်ကျောကို  ကော်ဖီပက်ခံလိုက်ရသာကို ကျွန်တော် မြင်ခဲ့တယ်"

"အော် မင်းမြင်ခဲ့သာလား"

"အင်း မြန်မြန်အကျီချွတ်လိုက် ကြာရင် အပူလောင်သာ ပိုဆိုးသွားလိမ့်မယ် အကို "

ထိုအခါ နေထက်သာ တစ်ယောက် နာနာခံခံပင် အကျီချွတ်ခါ အိပ်ယာပေါ် မှောက်လျှက်လဲနေလိုက်ပြီး ရှိုင်း ဆေးလူသာကို ခံနေလိုက်သည်။

" အ ...စပ်တယ်ဟ ဖြည်းဖြည်းလုပ်ပါ ဟ"

"အော် လူစွမ်းကောင်းကြီး လုပ်ခဲ့တုန်းကကြ မနာခဲ့ဘူးလား အခု ဆေးထည့်ခါမှ နာနေတယ်"

"အဲဒါ ငါ့ကိစ္စ ပါ ဟင်း မင်းလည်း တစ်နေ့နေ့တော့ သိလာမှာပါ ၊ ချစ်ရတဲ့သူရှိခါကြ "

နေထက်သာ စကားကြောင့် ရှိုင်း မျက်နှာလေးအနည်းငယ် ပျက်ယွန်းသွားခဲ့လေသည်။

ပိုင်ရှင် ရှိသော ကျွန်တော်  ရင်ခုန်သံ လေး{Z+U}Où les histoires vivent. Découvrez maintenant