{Unicode}
ဒါလေးက အဆု donation project တစ်ခုမှာ ပါဝင်ရေးသားထားတဲ့ Vmin fanfic လေးဖြစ်ပါတယ်။ အလှူရှင်တွေရော၊ wp က စာဖတ်သူတို့လည်း ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ completed ဖြစ်ပြီးသားမို့ အဆုံးထိဖတ်ပေးကြပါဦး ♡
~~~~
တောင်စဥ်ခုနှစ်ခရိုင်နဲ့ တောတန်းရှစ်သွယ် ပတ်ပတ်လည်ဝန်းရံနေတဲ့ ဗဟိုချက်မှာ ဖန်နန်းတော်ဟာ ခမ်းနားထည်ဝါစွာ တည်ရှိသည်။ နန်းတော်တစ်ခုလုံး ဖန်သားအတိဖြင့် ဖန်ဆင်းထားခြင်းပင်။
ထိုတောက်ပသော ဖန်သားတို့အပေါ် နေရောင်ဖြာကျသောအခါ နန်းတော်တစ်ခုလုံး မျက်စိကျိန်းလောက်အောင် ဖိတ်ဖိတ်တောက်လျက်။ နန်းတော်ဘေးပတ်လည်က ဥယျာဥ်တော်ဟာလည်း ပန်းပွင့် ပန်းခတ် ကျေးငှက်သာရကာများဖြင့် သာယာလှပလို့နေသည်။
ထိုနန်းတော်သည် လူအရောက်အပေါက်နည်းသော နေရာတွင် တည်ရှိနေသည်။ ထို့အပြင် သာမန်လူတို့မျက်စိဖြင့် မြင်နိုင်မည်လည်း မဟုတ်ပေ။ ဘာကြောင့်လဲဆို လူတို့နဲ့ လားလားမျှ မသက်ဆိုင်သည့် နတ်သူတော်တို့ စံမြန်းမွေ့လျော်ရာ ဖြစ်သောကြောင့်ပင်။
ထိုနန်းတော်ကို နတ်သားခုနှစ်ပါးပိုင်ဆိုင်သည်။ ညီအစ်ကို ခုနှစ်ဖော်ဟု နတ်လောကသားများ အားလုံးသိကြသည်။ နန်းတော်ကို ပတ်လည်ဝိုင်းရံထားသော တောင်စဥ်ခုနှစ်ခရိုင်နှင့် တောတန်းရှစ်သွယ်သည် သူတို့၏ နယ်မြေဖြစ်လေသည်။
နတ်သားတစ်ပါးလျှင် တောင်စဥ်တစ်ခုနှင့် တောတစ်ခု အပိုင်စားရကာ နယ်မြေကိုယ်စီကို သီးသန့်အုပ်ချုပ်ကြသည်။ ရှစ်ခုမြောက် လွတ်နေသောတောကိုတော့ သူတို့အားလုံးအတူတကွပိုင်ဆိုင်ကြလေသည်။
ထိုနတ်သားညီအစ်ကို ခုနစ်ဖော်သည် နာမည်ကောင်းဖြင့် ကျော်ကြားသည်။ နူးနူးညံ့ညံ့ဖြင့် တိရိစ္ဆာန်လေးများအပေါ် စာနာစိတ်ရှိတဲ့ သူများဟု အများကသမုတ်ကြသည်။ အလွန်တည်ငြိမ်ခန့်ညားကာ ကျက်သရေရှိသည်ဟုလည်းဆိုကြလေသည်။
ထိုအထဲမှ လေးယောက်မြောက် နတ်သားလေး ဂျီမင်မှာ သူ၏ အလှဂုဏ်ကြောင့် ပိုမို၍ထင်ရှားလေသည်။ သူနှင့် လက်ဆက်စေလိုသဖြင့် တိုင်းပြည်အသီးသီးမှ အကြီးဆုံး နတ်မင်းကြီးများသည် သူတို့၏ သမီးတော်များကို မကြာခဏ ဆက်သလေ့ရှိသည်။ ဂျီမင်၏အလှမှာ ထိုမျှနှင့်မပြီး။ နတ်မိမယ်များသာမက နတ်သားများကပင် လာရောက်တောင်းရမ်းကာ ဂျီမင်နှင့် လက်ဆက်လိုကြသည်။
YOU ARE READING
Angel of Mine // Vmin
FanfictionTaehyung X Jimin Completed အိန်ဂျယ်နဲ့ နတ်ဆိုးဆိုတာ ပေါင်းစပ်လို့မရတဲ့ မျိုးကွဲဖြစ်တည်မှုတဲ့။ ဒါဖြင့် ပေါင်းစပ်ချင်ကြတယ် ဆိုရင်ရော၊ စည်းဘောင်တွေကို ဂရုစိုက်မနေချင်ကြဘူး ဆိုရင်ရော ဒဏ္ဍာရီတွေက တစ်မျိုးတစ်ဖုံ ဖြစ်သွားလေမလား။ အိန္ဂ်ယ္နဲ႕ နတ္ဆိုးဆ...