Chapter - 2

1.6K 255 10
                                    

{Unicode}

ထိုကောင်ကို သူ့ဘာသာ နိုးလာမလားဆိုပြီး ဂျီမင်စောင့်​နေ​ခဲ့ပေမယ့် မွန်း​တောင်တည့်​တော့မည်၊ ထိုနတ်ဆိုးက နိုးမလာ​။ ဘယ်နှစ်ဘဝ​လောက် မအိပ်ရ​သေးလဲမသိ။ စိတ်မရှည်​တော့တာမို့ ဂျီမင်ကသာ နှိုးရ​တော့သည်။

"ဟေ့​ကောင်၊ ထ ထစမ်း!"

ပါးစပ်နဲ့ အေး​ဆေးနှိုးတာကိုလည်း တုတ်တုတ်​တောင်မလှုပ်တာ​ကြောင့် မကြည်တော့တဲ့အဆုံး မြားထိပ်က အချွန်ဘက်နဲ့ အဲ့​ကောင်ရဲ့ အ​တောင်ပံကို နာ​အောင်တို့လိုက်မှ မျက်လုံး ချက်ချင်းဖွင့်ကာ ဆတ်ခနဲ ထထိုင်​လေသည်။

ရုတ်တရက်မို့ ဂျီမင် ခြေနှစ်လှမ်း​လောက်​တောင် နောက်ဆုတ်မိသွားသည်။ ချိုနဲ့ကောင်က မျက်​ထောင့်​တွေ နီလျက် ဂျီမင့်ကို မ​ကျေမနပ် ကြည့်​နေ​သေးတာ။ လက်က သူ့အ​တောင်နက်ကို ပွတ်သပ်​နေပုံအရ ဂျီမင် မြားဦးနဲ့ထိုးလိုက်လို့ နာသွားပုံပဲ။

အဲ့လိုလာကြည့်​နေမှ​တော့ ငြိမ်မခံချင်တဲ့ ဂျီမင်ကလည်း လေးကို ထိုနတ်ဆိုးကောင်ဆီ တည့်တည့်ချိန်လိုက်မိပြန်သည်။ သူများနယ်​မြေထဲလည်း ကျူး​ကျော်လာ​ပြီး သမင်တစ်​ကောင်ကိုလည်း သတ်စား​​သေး၊ ပိုင်ရှင်လာ​တော့ ဂျိုကြည့်လာကြည့်​နေတာ။ ဘယ်လိုတောင် ရိုင်းစိုင်းတဲ့ အပြုအမူပါလိမ့်။

"မင်းဘယ်လိုလုပ် ငါ့ပိုင်နက်ထဲ ကျူး​ကျော်လာတာလဲ"

"မင်းက ဘယ်သူမို့လို့ ငါ့ကိုလာ​​မေး​နေတာလဲ"

ဒီ​ကောင်က​တော့ ပစ်လိုက်ရ​သေ​တော့မယ်။ အင်း.. နတ်ဆိုးပီပီ မြားတစ်ချောင်းနဲ့တော့ မ​သေနိုင်​ပေမယ့်လို့ပေါ့၊ ထားပါ​တော့။ အဲ့​ကောင်က မေးနေတာကို မ​ဖြေဘဲ မေးခွန်းပြန်ထုတ်​နေ​သေးတာ။

"ငါက ဒီ​တောတစ်ခုလုံးရဲ့ အရှင်သခင်ပဲ၊ မင်းက ကျူးကျော်လာတာ​လေ"

"အဲဒီ့တော့.."

ဒီ​ကောင်! ဂျီမင် ငယ်ထိပ်​ဆောင့်တက်လာတဲ့ ဒေါသ​တွေကို မနည်းပြန်ထိန်း​နေရသည်။ အဲ့ကောင်က တကယ်ကို ဘာလေးစားမှုမရှိတဲ့ အရိုင်းအစိုင်းပဲ။ အေး​ပေါ့၊ နတ်ဆိုးပဲဟာ။ အဲ့ဒီ့မျိုးနွယ်​တွေက အဲ့အတိုင်းပဲ။

Angel of Mine // VminWhere stories live. Discover now