Chapter - 5

1.3K 212 10
                                    

{Unicode}

ထယ်​ယောင်းနဲ့ ခံစားချက်​တွေကို ဖွင့်ဟခဲ့တဲ့နေ့ကစပြီး ဂျီမင် နန်း​တော်ကို တစ်ခါတ​လေမှသာ ပြန်ဖြစ်တော့သည်။ ညီအစ်ကို​တွေက​တော့ ဂျီမင့်ကို လွှတ်ထားပြီး ဘာစကားမှမဆိုကြ။ သူတို့ ထယ်​ယောင်းအ​ကြောင်းကို မသိ​သေးတာလည်း ပါတာ​ပေါ့။

ဂျီမင်က​တော့ ထယ်​ယောင်းနဲ့ နှစ်​ယောက်တည်း စာ​တွေဖတ်လိုက်၊ စောင်းတီးလိုက်၊ သီချင်းဆိုလိုက်၊ တောထဲမှာ တိရိစ္ဆာန်​လေး​တွေနဲ့ ဆော့ကစားလိုက်ဖြင့်သာ နေ့ရက်​တွေကို ကုန်ဆုံးဖြစ်လာသည်။

ဘယ်​လောက်ပင် မလိုက်ဖက်ဘူးဟုဆိုဆို၊ ဘယ်​လောက်ပဲ မဖြစ်နိုင်ပါဘူးဟုပြော​ပြော၊ ချစ်ရသူနဲ့ အတူရှိ​နေရတာတော့ ပျော်ရွှင်ခြင်းပါပဲ။ ဒါကို ဘယ်သူကများ ငြင်းနိုင်​လေမလဲ။ အချစ်ဆိုတာ ဘယ်လိုအ​ခြေအ​နေမျိုးမှာမဆို ဖြစ်​ပေါ်တတ်တာပဲ​လေ။

ဆောင်းရာသီ ရောက်လာပြီမို့ ရာသီဥတုက ချမ်း​အေးလွန်းသည်။ အခုလို တောထဲမှာဆိုရင်​တော့ ဘယ်​လောက်​အေးလဲ ပြောမ​နေပါနဲ့​တော့။ ဆီးနှင်းရည်​တို့က နေရာတိုင်းအပြည့်နဲ့ အချိန်တိုင်း စိုစွတ်စွတ်ကို ဖြစ်​နေတာ။

အခုလို ညအချိန်​တွေဆို အ​အေးဒဏ်က ပိုဆိုးသည်။ ထယ်​ယောင်း​တော့ဘယ်လို​နေတယ်မသိ​ပေမယ့် အမြဲတမ်း နန်း​တော်ထဲမှာ နွေး​နွေး​ထွေး​ထွေး​​နေခဲ့ရတဲ့ ဂျီမင့်အတွက်​တော့ အခက်အခဲပါပဲ။

"ငါချမ်း​နေပြီ ထယ်​ယောင်း"

မီးဖို​ဘေး ထိုင်​နေရင်းနဲ့ကို ချမ်းတဲ့အ​ကြောင်း ထယ်​ယောင်းကို လှမ်း​ပြောလိုက်သည်။ သူက​တော့ ကုတင်​ပေါ်မှာ အေး​အေး​ဆေး​ဆေးဖြစ်​နေတာ။

"လာအိပ်​​တော့​လေ၊ မီးဖို​ဘေးမှာ တစ်ညလုံး ထိုင်​နေမှာလား။ ထင်းပဲကုန်​တော့မယ်"

"ငါ့အစွမ်းနဲ့ တစ်ညလုံးမီးရ​အောင် ထားထားလို့ရတယ်​နော်"

"ဘာပဲဖြစ်ဖြစ် အဲ့မှာပဲ ထိုင်မ​နေနဲ့​လေ"

"အေးပါ"

ထယ်​ယောင်းကို မျက်​စောင်းတစ်ချက်ထိုး​ပြီး မီးဖို​ဘေးက ထလာရင်း သူ့​ဘေးဝင်လှဲလိုက်သည်။ မီးဖိုနဲ့ ပို​ဝေးသွားတာမို့ အ​အေးဓါတ်က ပိုလာသ​ယောင်။ မီးအရှိန်ကြောင့် အခန်းက အပူ​ငွေ့ရိုက်​နေပမယ့် နွေး​ထွေး​နေ​အောင်​တော့ မစွမ်း​ဆောင်နိုင်ဘူး​လေ။

Angel of Mine // VminWhere stories live. Discover now