Chapter - 1

4.3K 311 9
                                    

{Unicode}

ဒါ​လေးက အဆု donation project တစ်ခုမှာ ပါဝင်​ရေးသားထားတဲ့ Vmin fanfic လေးဖြစ်ပါတယ်။ အလှူရှင်​တွေရော၊ wp က စာဖတ်သူတို့လည်း ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ completed ဖြစ်ပြီးသားမို့ အဆုံးထိဖတ်​ပေးကြပါဦး ♡

~~~~

တောင်စဥ်ခုနှစ်ခရိုင်နဲ့ တောတန်းရှစ်သွယ် ပတ်ပတ်လည်ဝန်းရံ​နေတဲ့ ဗဟိုချက်မှာ ဖန်နန်း​​တော်ဟာ ခမ်းနားထည်ဝါစွာ တည်ရှိသည်။ နန်း​​တော်တစ်ခုလုံး ဖန်သားအတိဖြင့် ဖန်ဆင်းထားခြင်းပင်။

ထိုတောက်ပ​​သော ဖန်သားတို့အ​ပေါ် နေ​ရောင်ဖြာကျ​သောအခါ နန်း​တော်တစ်ခုလုံး မျက်စိကျိန်း​လောက်​အောင် ဖိတ်ဖိတ်​တောက်လျက်။ နန်း​တော်ဘေးပတ်လည်က ဥယျာဥ်​တော်ဟာလည်း ပန်းပွင့် ပန်းခတ် ကျေးငှက်သာရကာများဖြင့် သာယာလှပလို့​နေသည်။

ထိုနန်း​​တော်သည် လူအ​ရောက်အ​ပေါက်နည်း​သော နေရာတွင် တည်ရှိ​နေသည်။ ထို့အပြင် သာမန်လူတို့မျက်စိဖြင့် မြင်နိုင်မည်လည်း မဟုတ်ပေ။ ဘာ​ကြောင့်လဲဆို လူတို့နဲ့ လားလားမျှ မသက်ဆိုင်သည့် နတ်သူ​တော်တို့ စံမြန်း​မွေ့​လျော်ရာ ဖြစ်​သော​ကြောင့်ပင်။

ထိုနန်း​​တော်ကို နတ်သားခုနှစ်ပါးပိုင်ဆိုင်သည်။ ညီအစ်ကို ခုနှစ်​ဖော်ဟု နတ်​လောကသားများ အားလုံးသိကြသည်။ နန်း​တော်ကို ပတ်လည်ဝိုင်းရံထား​သော တောင်စဥ်ခုနှစ်ခရိုင်နှင့် တောတန်းရှစ်သွယ်သည် သူတို့၏ နယ်​မြေဖြစ်လေသည်။

နတ်သားတစ်ပါးလျှင် တောင်စဥ်တစ်ခုနှင့် တောတစ်ခု အပိုင်စားရကာ နယ်​မြေကိုယ်စီကို သီးသန့်အုပ်ချုပ်ကြသည်။ ရှစ်ခု​မြောက်​ လွတ်​နေ​သော​တောကို​တော့ သူတို့အားလုံးအတူတကွပိုင်ဆိုင်ကြ​လေသည်။

ထိုနတ်သားညီအစ်ကို ခုနစ်​​ဖော်သည် နာမည်​ကောင်းဖြင့် ကျော်ကြားသည်။ နူးနူးညံ့ညံ့ဖြင့် တိရိစ္ဆာန်​လေးများအ​ပေါ် စာနာစိတ်ရှိတဲ့ သူများဟု အများကသမုတ်ကြသည်။ အလွန်တည်ငြိမ်ခန့်ညားကာ ကျက်သ​ရေရှိသည်ဟုလည်းဆိုကြ​လေသည်။

ထိုအထဲမှ လေး​ယောက်​မြောက် နတ်သားလေး ဂျီမင်မှာ သူ၏ အလှဂုဏ်​ကြောင့် ပိုမို၍ထင်ရှား​လေသည်။ သူနှင့် လက်ဆက်စေလိုသဖြင့် တိုင်းပြည်အသီးသီးမှ အကြီးဆုံး နတ်မင်းကြီးများသည် သူတို့၏ သမီး​တော်များကို မကြာခဏ ဆက်သ​​လေ့ရှိသည်။ ဂျီမင်၏အလှမှာ ထိုမျှနှင့်မပြီး။ နတ်မိမယ်များသာမက နတ်သားများကပင် လာ​ရောက်​တောင်းရမ်းကာ ဂျီမင်နှင့် လက်ဆက်လိုကြသည်။

Angel of Mine // VminWhere stories live. Discover now