{Unicode}
ဂျီမင် မျက်လုံးနှစ်လုံး ပွင့်လာတဲ့အချိန်မှာ ထယ်ယောင်းဟာ ဂျီမင့်နားမှာ ရှိမနေတော့။ အဲ့ဒါထက် မြင်နေရတာက ဂျီမင်နဲ့ လုံးဝမရင်းနှီးတဲ့ ပတ်ဝန်းကျင်။ ဘယ်နေရာလဲ!
သတိထားမိချင်းမှာပင် ဂျီမင် ချက်ချင်းထထိုင်မိသည်။ ဂျီမင်ရောက်နေတာက အခန်းကျဥ်းတစ်ခုသာ။ ကြမ်းပြင်တစ်ခုလုံးက ဖုန်အလိမ်းလိမ်းနဲ့ ညစ်ပတ်လျက်၊ ထိုဖုန်တွေရဲ့ အနံ့ကလည်း နှာဖျားထိပ်မှာ လှိုက်ခနဲ လှိုက်ခနဲပင်။
အခန်းတံခါးကို သွားဖွင့်ဖို့ ထိုင်ရာက ထတော့မှ ခြေထောက်တွေရော၊ လက်တွေရော သံကြိုးတွေနဲ့ အခတ်ခံထားရမှန်း သတိထားမိသည်။ အခန်းထဲတော့ ကောင်းကောင်းပတ်လျှောက်လို့ရတဲ့ အနေအထားပင်။
ဒါကြောင့် တံခါးဆီရောက်အောင်သွားပြီး ဖွင့်ကြည့်ပေမယ့် ဘယ်လိုမှ ဖွင့်လို့မရပေ။ အပြင်ကနေ သော့ခတ်ထားတဲ့ပုံပဲ။ ဂျီမင် သွေးပျက်ခြောက်ခြားစပြုလာပါပြီ။ ဘာတွေလဲ။ ဘာတွေဖြစ်နေတာလဲ!
"ထယ်ယောင်း!.. မင်း ဘယ်မှာလဲ"
အားကိုးမိရာကို အော်ခေါ်သော်လည်း ဘာတုံ့ပြန်သံမှ မကြားရပေ။ မဟုတ်မှလွဲရော.. သူပြောထားသလို နတ်ဆိုးတွေဆီ ဖမ်းခေါ်လာတာလား။ ဂျီမင့်ကို ဓါးစာခံလုပ်ဖို့အတွက်လေ..။
နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်အထိ မုသားတွေပြောနေခဲ့တာတော့ မဟုတ်ဘူးမလား။ ထယ်ယောင်းက အဲ့လိုမျိုး လုံးဝမဟုတ်လောက်ဘူးမလား။ သူက ဘာလို့များ...။
"ထယ်ယောင်း!!"
တံခါးကို တဒုန်းဒုန်း ထုရိုက်သံနဲ့အတူ ဂျီမင့်အသံက ဆူညံလာတော့ တံခါးမကြီးဟာ ဝုန်းခနဲ ပွင့်လာသည်။ မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ဂျီမင့်ဆီ ရောက်လာတဲ့သူက ဂျီမင့်ကို ဓါးစာခံလုပ်ချင်ပါတယ်ဆိုတဲ့ နတ်ဆိုးတွေ ဟုတ်မနေခဲ့။
"အစ်ကိုတော်.."
"ငါ့ကို အစ်ကိုတော်လို့ ခေါ်နေရတာ မရှက်ဘူးလား၊ သစ္စာဖောက်"
YOU ARE READING
Angel of Mine // Vmin
FanfictionTaehyung X Jimin Completed အိန်ဂျယ်နဲ့ နတ်ဆိုးဆိုတာ ပေါင်းစပ်လို့မရတဲ့ မျိုးကွဲဖြစ်တည်မှုတဲ့။ ဒါဖြင့် ပေါင်းစပ်ချင်ကြတယ် ဆိုရင်ရော၊ စည်းဘောင်တွေကို ဂရုစိုက်မနေချင်ကြဘူး ဆိုရင်ရော ဒဏ္ဍာရီတွေက တစ်မျိုးတစ်ဖုံ ဖြစ်သွားလေမလား။ အိန္ဂ်ယ္နဲ႕ နတ္ဆိုးဆ...