{Unicode}
ညဥ့်ဦးယံအချိန် နန်းတော်ရဲ့ အနောက်ဘက်မှာ မီးပုံကြီး တစ်ပုံဟာ အရောင်တဖိတ်ဖိတ်တောက်လျက် ထိန်ထိန်ငြီးနေသည်။ မီးပုံကြီးရဲ့ ပတ်ပတ်လည်မှာတော့ နတ်သူငယ်အနည်းအကျဥ်းနဲ့ ဂျီမင့်ရဲ့ ညီအစ်ကိုတော်စပ်သူတွေဟာ နေရာယူထားသည်။
မီးပုံရှေ့ဘက်မှာ တည်ရှိနေတဲ့ စင်မြင့်ရဲ့ အပေါ်မှာတော့ ဂျီမင်ဟာ သံကြိုးတွေနဲ့ အချုပ်ခံထားရပြီး စင်အစွန်းလေးမှာ မတ်တပ်ရပ်နေရသည်။ မီးပုံထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကို အဆုံးသတ်ရမယ့် အပြစ်ဒဏ်ပေါ့။
ထယ်ယောင်းကိုလည်း နတ်သားနှစ်ယောက်က သံကြိုးတွေနဲ့ ချည်နှောင်ကာ မီးပုံဘေးမှာ ချထားသည်။ သူကတော့ အဆိပ်ရည်လူးထားတဲ့မြားနဲ့ နှလုံးသားထည့်တည့်ကို အပစ်ခံရပြီး ပျောက်ကွယ်သွားလိမ့်မည်။
နောင်တရလားဆိုရင်တော့ မရပါဘူး။ အနည်းဆုံးတော့ လွတ်မြောက်သွားလိမ့်မယ်။ နှစ်ယောက်လုံး လွတ်မြောက်သွားလိမ့်မယ်။
ဂျီမင် နောက်ဆုံးအနေနဲ့တောင် ထယ်ယောင်းမျက်နှာကို မကြည့်နိုင်တော့ပေ။ သူက ဂျီမင့်ကို အဆုံးထိကာကွယ်ပေးဖို့ ကြိုးစားခဲ့ပြီး ဂျီမင့်ကိုပဲ ရွေးချယ်ခဲ့ပေမယ့် သူကတော့ ဂျီမင်ရဲ့အသိုင်းအဝိုင်းကြောင့် သေရမှာတဲ့လေ။ အားနာလွန်းလို့ ဘယ်လိုလုပ်ရမလဲ။
မီးပုံထဲ ခုန်ချဖို့ ဂျီမင်အဆင်သင့် ဖြစ်နေခဲ့ပြီ။ အားလုံးရဲ့ မျက်လုံးတွေဟာ ဂျီမင့်ဆီမှာ စုပြုံရောက်ရှိလို့နေသည်။ သေချာပေါက် ဂျီမင်အရူးအမူး စွဲလမ်းခဲ့ရတဲ့ ထယ်ယောင်းရဲ့ မျက်ဝန်းညိုတွေလည်း အပါအဝင်ပေါ့။ မင်းမသေစေရဘူး ထယ်ယောင်း။ ငါမင်းကိုပဲ ရွေးချယ်တယ်။ ကာကွယ်ပေးမှာမို့ ဒီအတိုင်းစောင့်နေပေး။
ဂျီမင်မျက်လုံးကို စုံမှိတ်လို့ ခန္ဓာကိုယ်ကို ယိုင်ချလိုက်သည်။ မီးရဲ့ အပူရှိန်ဟာ ဂျီမင့်တစ်ကိုယ်လုံးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လျက်။ ဂျီမင့်ရဲ့ သစ္စာခံ နတ်သူငယ်လေးတွေက ဝမ်းနည်းတသစွာ ငိုကြွေးကြသည်။ ထယ်ယောင်းလည်း သေချာပေါက် မျက်ရည်တွေကျနေမှာပဲ။
YOU ARE READING
Angel of Mine // Vmin
FanfictionTaehyung X Jimin Completed အိန်ဂျယ်နဲ့ နတ်ဆိုးဆိုတာ ပေါင်းစပ်လို့မရတဲ့ မျိုးကွဲဖြစ်တည်မှုတဲ့။ ဒါဖြင့် ပေါင်းစပ်ချင်ကြတယ် ဆိုရင်ရော၊ စည်းဘောင်တွေကို ဂရုစိုက်မနေချင်ကြဘူး ဆိုရင်ရော ဒဏ္ဍာရီတွေက တစ်မျိုးတစ်ဖုံ ဖြစ်သွားလေမလား။ အိန္ဂ်ယ္နဲ႕ နတ္ဆိုးဆ...