{Unicode}
ထယ်ယောင်းရောက်လာတဲ့နေ့မှစကာ ဂျီမင် တောထဲသို့ နေတိုင်းသွားဖြစ်သည်။ ဂျီမင့်လက်အောက်ခံ နယ်မြေထဲမှာရှိတဲ့ နတ်သူငယ်များ၊ နတ်သားများနဲ့ နတ်မိမယ်များကို ထယ်ယောင်းရှိနေတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ မှာထားရသည်။ အထူးသဖြင့် ဂျီမင်နဲ့ ညီအစ်ကို တော်စပ်သူတွေကိုပေါ့။
ထယ်ယောင်းကို လက်ခံထားတယ်ဆိုတာက အထူးလျှို့ဝှက်ချက်လိုလို။ တကယ်လည်းလျှို့ဝှက်ရပါမည်။ ထယ်ယောင်းက မျိုးမတူတဲ့ နတ်ဆိုးလေ။ အစ်ကိုတော်တွေသာသိရင် ချက်ချင်းလိုက်လာပြီး နုတ်နုတ်စင်းပစ်ကြမှာ။ သူတို့က နတ်ဆိုးတွေကိုဆို သိပ်မုန်းပြီး ရန်သူလို့ သတ်မှတ်ထားကြတာ။
"ထယ်ယောင်း မင်းအတောင်ပံကြီးကို ဖျောက်ထားစမ်း"
"အင်း အင်း"
ဂျီမင်က အမိန့်ပေးတော့ ဘာမှအထွန့်မတက်ဘဲ သူ့ရဲ့အတောင်နက်ကြီးကို ဘယ်သူမှမမြင်အောင် အယောင်ဖျောက်ထားလိုက်သည်။ ထယ်ယောင်းက စစချင်းတုန်းကသာ အာခံချင်သလို ဘာလိုလိုလုပ်ပေမယ့် အခုတော့ ဂျီမင့်စကားဆို အကုန်နားထောင်တတ်သည်။
သူက ဂျီမင့်ကို ကျေးဇူးရှင်ဖြစ်ကြောင်း ကြုံရင်ကြုံသလို ပြောတတ်သေးသည်။ တခြားတိရိစ္ဆာန်တွေနဲ့ နတ်သူငယ်တွေကို ထူးထူးခြားခြား အန္တရာယ်ပြုတာမျိုးလည်း မရှိပေ။ ဂျီမင်က သားရဲတွေ သတ်မစားနဲ့လို့ ပြောထားတော့ သစ်ဥသစ်ဖုတွေသာ ရှာစားလေသည်။
အဲ့ဒါပြောတာ၊ တခြားနတ်ဆိုးတွေနဲ့ ကွာတယ်လို့။ ဂျီမင် တခြားကောင်တွေနဲ့ တွေ့လည်းတွေ့ဖူးသည်။ တိုက်လည်း တိုက်ခိုက်ဖူးသည်။ အကုန်လုံးက ထယ်ယောင်းနဲ့ ကွဲပြားခြားနားစွာ ရက်စက်ကြမ်းကြုတ်ကြသည်။ သူတို့ရဲ့ စိတ်က သူတို့အသွင်အပြင်မှာ ပေါ်ကိုနေတာ။
ထယ်ယောင်းကိုကြည့်ရတာတော့ အေးအေးဆေးဆေး နူးနူးညံ့ညံ့ပါပဲ။ နတ်သူငယ်တွေနဲ့ အဆင်တောင်ပြေနေသေးတာ သူက။ ဒါကြောင့်လည်း ဂျီမင်စိတ်အေးနေရခြင်းပင်။ ဘယ်အချိန် ဘာထဖြစ်မလဲ မသိပေမယ့်လို့ပေါ့။
YOU ARE READING
Angel of Mine // Vmin
FanfictionTaehyung X Jimin Completed အိန်ဂျယ်နဲ့ နတ်ဆိုးဆိုတာ ပေါင်းစပ်လို့မရတဲ့ မျိုးကွဲဖြစ်တည်မှုတဲ့။ ဒါဖြင့် ပေါင်းစပ်ချင်ကြတယ် ဆိုရင်ရော၊ စည်းဘောင်တွေကို ဂရုစိုက်မနေချင်ကြဘူး ဆိုရင်ရော ဒဏ္ဍာရီတွေက တစ်မျိုးတစ်ဖုံ ဖြစ်သွားလေမလား။ အိန္ဂ်ယ္နဲ႕ နတ္ဆိုးဆ...