ဆိုးလ်မြို့နှင့်ဘူဆန်မြို့ကို ဆက်သွယ်သွားလာရန် တည်ဆောက်ထားသော အဝေးပြေးလမ်းမထက်ဝယ် နောက်ဆုံးပေါ် BMWအနက်ရောင်ကားတစ်စီးသည်ဘူဆန်မှဆိုးလ်သို့ ခုတ်မောင်းနေလေသည်။ထိုနောက်ဆုံးပေါ်ဇိမ်ခံကားထဲတွင် Manoban ၏မျိုးဆက် L Group ၏ ဥက္ကဋ္ဌ Lalisa Manoban ဆိုသော အသက် 32 နှစ် အရွယ် အမျိုးသားနှင့် Jane ဆိုသော 19 နှစ် အရွယ် ကောင်မလေး တို့ လိုက်ပါစီးနင်းလာသည်။
ထိုကားသည်အချိန်အတော်ကြာမောင်းနှင်ခဲ့ရာ ယခုဆိုလျှင်ဖြင့် ဆိုးလ်မြို့အလယ်ရှိ အေးဆေးငြိမ်သက်သော လူကံုထံရပ်ကွက်အတွင်းရှိ ခြံကြီးတစ်ခြဲရှေ့သို့ပင် ရောက်နေလေပြီဖြစ်သည်။"တီ တီ တီ”
ကားဟွန်းသံကြားသည်ဆိုလျှင်ဘဲ ခြံအတွင်းမှ ခြံစောင့်ဟုထင်ရသော လူကြီးတစ်ယောက်က ခြံတံခါးကို အပြေးလေးဖွင့်ပေးလေသည်။
ခြံတံခါးဖွင့်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုကားမှာလည်းစံအိမ်သို့သွားရန်ခင်းကျင်းထားသော ကွန်ကရစ်လမ်းအတိုင်း ဖြေးဖြေးချင်းမောင်းဝင်လာခဲ့သည်။
စံအိမ်သို့ရောက်သည်ဆိုလျှင်ဘဲ ကားကိုဆင်ဝင်အောက်သို့ထိုးရပ်လိုက်သည်နှင့်တစ်ပြိုင်နက် အိမ်အစေခံများက ဘေးတစ်ဘက်တစ်ချပ်၌ စီးကြိုကြသည်။
ထို့နောက် ကားထဲမှ သခင်လေးဟုခေါ်သည့် lalisa နဲ့ မိန်းမပျိုလေးတစ်ယောက် လက်တွဲ၍ ဆင်းလာသည်ကိုမြင်၍ အစေခံများက အံ့သြတကြီး ကြည့်နေကြသည်။Lisa ။ ။ Jack!! အထုတ်တွေသယ်သွားလိုက်။
Jack ။ ။ nae သခင်လေး ။
ဧည့်ခန်းထဲရောက်သော် lisa ဆိုသော သခင်လေးက ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်လိုက်သည်။
Lisa။ ။ထိုင်လေ ဘာလုပ်နေတာလဲ!!
Jane ခမျာ အိမ်၏ခမ်းနားလှသောမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ကြောင်ကြည့် နေရာမှ lisa ၏ ခပ်သြသြ အသံကြောင့် အလန့်တကြား ထိုင်လိုက်သည်။
Lisa ။ ။ အိမ်တော်ထိန်းဝမ် သူက ဒီနေ့ကစပြီးဒီ
အိမ်မှာနေလိမ့်မယ် သူ့အတွက် အခန်း
ပြင်ထားပါ
YOU ARE READING
Lovely Jane
Fanfiction(Unicode & zawgyi) ပထမ ဆုံး fic လေးမို့အမှားပါရင် ခွင့်လွှတ်ပေးကြပါ🙏