part 11

400 33 4
                                    

     " မမ "

ည9နာရီ ထိုးနေပြီဖြစ်သော်လည်း jiji အိပ်မပျော်သောကြောင့် ဝရံတာဘက် ထွက်လာလိုက်သည်။မျက်လုံးထဲမှာလဲ နေ့ခင်းက lice နဲ့ မိန်းမတစ်ယောက်ရဲ့ မြင်ကွင်းတေက ပြန်မြင်ယောင်လာသောကြောင့် စိတ်ပြေလက်ပျောက် လမင်းကြီးကို ငေးကြည့်နေရင်း အတွေးတို့ပြန့်နှံ့နေစဥ် အနောက်က ခေါ်သံကြားတာကြောင့် လှည့်ကြည့်လိုက်တော့......

  Jiji "  aww ...Jane...လာလေ.."

Jane " ဟုတ် မမ.."

Jane လဲ jiji နားသို့လျှောက်လာပြီးဘေး၌ယှဥ်ရပ်လိုက်သည်။ထို့နောက် လမင်းကြီးကို ကြည့်ကာ jijiအား

Jane " ကောင်းကင်ကြီးက ကြယ်လေးတွေနဲ့ သာယာလိုက်တာနော်မမ "

jane ပြောမှ jiji ကောင်းကင်ကိုသေချာကြည့်မိတယ်...ခုနတုန်းက အတွေးတွေကြောင့်သတိမထားမိလိုက်ဘူး..... ဟုတ်ပါရဲ့ လပြည့်ညမဟုတ်ပေမယ့်လဲ ကောင်းကင်တစ်ခုလုံးက ကြယ်လေးတွေနဲ့ လမင်းကြီးရဲ့ အလင်းရောင်ကြောင့် ကောင်းကင်တစ်ခုလုံးဟာ အရမ်းကိုလှပလို့နေတယ်....

Jiji" အင်း.."

Jane ရဲ့စကားကို jiji 'အင်း' လို့သာ တစ်လုံးထဲပြန်ဖြေလိုက်တယ်.....ထို့နောက် နှစ်ကြားအတန်ကြာတိတ်ဆိတ်သွားပြန်တယ်....

Jiji " တောင်းပန်ပါတယ်"

Jane" ဟင်"

တိတ်ဆိတ်နေရင်းနဲ့မှ ရုတ်တရက် မမ က တောင်းပန်လာတော့ jane ခေတ္တမျှ ကြောင်အသွားရသည်။

Jiji "တောင်းပန်ပါတယ်လို့...."

Jiji jane ဘက်ကိုကြည့်ပြီးပြောလိုက်သည်။

Jane " မမက ဘာလို့ တောင်းပန်ရတာလဲ  မမမှ ဘာမှမလုပ်ထားတာ"

Jiji "မမ အကုန်သိပြီးပြီ jane....lice နဲ့ jane  ဘာလို့လက်ထပ်ခဲ့ရလဲ ဆိုတာကို အကုန်သိပြီးပြီလို့....တောင်းပန်နေတာ..နောက်ပြီး  jane အပေါ် စွပ်စွဲ ခဲ့မိလို့ရော.....

ထိုအခါ jane က jiji လက်လေးကို ဖွဖွလေးကိုင်ကာ...

Jane" မဟုတ်တာမမရယ်...jane ကိုတောင်းပန်စရာမလိုပါဘူး....ဒါတွေက ဖြစ်ချိန်တန်လို့ ဖြစ်သွားတာလို့ဘဲ သဘောထားလိုက်ပါနော်....တကယ်ဆိုရင် jane က ဦး lisa ကိုတောင် ကျေးဇူးတင်ရမှာ....

Lovely JaneWhere stories live. Discover now