Unicode
ကုတင်ပေါ်တွင်အိပ်နေရာမှငုတ်တုတ်ထထိုင်လို့ကုတင်အောက်ခြေထောက်ချလိုက်ပြီး အစိမ်းနုရောင်နဲ့ကလေးဆန်ဆန်ဂွမ်းသားဖိနပ်ကိုစီးကာ လှေကားတွေပေါ်ကနေခြေသံဖော့နင်းရင်းမီးဖိုခန်းကရေခဲသေတ္တာဆီတန်းသွားလိုက်သည်..
ညဉ့်နက်သန်းခေါင်ဆိုဗိုက်ဆာတတ်တာကတအားဆိုးတာပဲ ဒီနေ့တော့ဘယ်လောက်ဆာဆာ ရေပဲသောက်ဖို့စိတ်ပိုင်းဖြတ်ထားရာက မျက်လုံးကနွားနို့ဘူးဆီရောက်သွားပြန်သည်..
နွားနို့လေးပါပဲ ဘာမှမဖြစ်ပါဘူးလေ ဟုပြန်ဖြည့်တွေးရင်ပြုံးပြုံးကြီးမော့နေတဲ့ Hoseok ပါလေ...
စားစရာဆိုတာပျော်ရွှင်တဲ့စိတ်နဲ့စားရင်ဝိတ်မတက်ဘူးမဟုတ်လား..
(A/n ဘာလေးပဲစားစား တာဝန်အရစားရတာမျိုးမဟုတ်ပဲ ငါဒါလေးစားနေရလို့ပျော်တယ်လို့တွေးကြည့်ဝိတ်ကိုမတက်ဘူးတကယ် ;)ညနေက Taehyung ကိုစာသင်ပေးပြီးသူအတော်လေးအာရုံစားသွားလို့အိပ်လိုက်မိတာ ညစာမစားလိုက်ရဘူးလေ
အားလုံးကိစ္စဝိစ္စတွေပြီးတော့ပြန်အိပ်ရန် အခန်းဆီသို့ပြန်လာလိုက်ရင်း ကုတင်ပေါ်ကစောင်ကိုဆွဲကာလှဲအိပ်လိုက်တော့သည်..
ဟာ.. ကျစ် စောင်ကလဲ ဘယ်လိုလုပ်ကိုယ်ပေါ်ကပြန်ပြန်ကျနေရတာလဲ
စိတ်ထဲကနေဒေါသတကြီးတွေးရင်းစောင်ကိုအတင်းပြန်ဆွဲနေမိလိုက်သည်..နေပါအုံးဒါတစ်ယောက်ယောက်ကပြန်ဆွဲနေသလိုကြီးမဟုတ်ဘူးလား
သူအလန့်တကြားနဲ့ဘေးကိုလိုက်စမ်းမိတော့ကျောပြင်တစ်ခုကိုသွားထိမိတာကြောင့်ထအော်မိတော့သည်...
"အားး ဘယ်သူကြီးလဲ ဘာကြီးလဲ "
ဝူးဝူးဝါးဝါးအော်သံကြောင့်အခန်းမီးကလင်းလို့လာတော့သည်..."ရှူးး တိုးတိုး ဖြေးဖြေးအော်ပါဗျာ ဒါကျွန်တော့အခန်းလေခင်ဗျားလေးကလဲ "
"ဟင်.."
ညဝတ်ဝမ်းဆက်နဲ့Kim V ကိုမြင်တော့မှသူသဘောပေါက်တော့သည်
ဒါဆိုသူအခန်းမှားဝင်လာမိတာပေါ့
သူတို့နှစ်ယောက်ရဲ့အခန်းကိုမျက်နှာချင်းဆိုင်ထားပေးထားသည့်ဖခမည်းတော်ကိုသာ ခြေသလုံးဖက်ငိုပြလိုက်ချင်တော့သည်..
အခုတော့တစ်သက်နဲ့တစ်ကိုယ်မဖြစ်ဖူးတာတွေဖြစ်လို့သူများကုတင်ပေါ်မှားတက်မိပြီ