Ep-4

1.1K 156 53
                                    

Unicode~~

"Hoseok သားကျောင်းသွားရင် အမေ..အဲ
အန်တီတို့နဲ့တခါတည်းလိုက်ခဲ့ပါလား.."

မာမီတို့တော့ Baby Hyung လေးကိုစတင်ချုပ်လေပြီ တခါမှကျွန်တော့်ကိုကျောင်းလိုက်မပို့ပေးဖူးတဲ့မာမီကဒီနေ့မှအထူးအဆန်းလိုက်ပို့ဖို့ပြောတယ်မှတ်နေတာ ဒါကြောင့်ကိုး...

"ဟုတ်တယ် baby- -h "

Arr sh*t သူ့ fatherကြီးမျက်လုံးက ကျွန်တော့ဆီရောက်လာပြီ ပထမဆုံး breakfast ဝိုင်းမှာတင်ပါးစပ်ကစလွဲမိပြီ...Kim V စိတ်ထိန်း စိတ်ထိန်း..

"ဟုတ်တယ် Hoseok Hyung ကျွန်တော်တို့နဲ့တခါတည်းသွားမယ်လေ မဟုတ်တောင်ကျောင်းလဲတူနေတာပဲဟာ"

"ဒါနဲ့ သား Hoseok က ဘာသင်တာ"

"Maths ပါအန်တီ"

"ဒါဆိုရင်တော့ Kim V ကိုအပ်ပါတယ် သူနားမလည်ရင်ရှင်းပြပေးပါအုံး''

"Nae အန်တီ"

ဒါပေါ့ဒါပေါ့ မာမီတော်တယ် သားကိုမွေးကတည်းကဒီနေ့အတော်ဆုံးပဲ maths တင်မကဘူးကျွန်တော့ဘဝကိုပါ baby Hyungလေးဆီအပ်ပေးလို့ရတယ်...

"သား Kim V "

Mr, Jung ကစကားလှမ်းပြောမှပဲ အတွေးကနေသတိပြန်ကပ်မိသည် လူကလဲbreakfast စားရင်းပြုံးဖြီးလို့ ပီတိတွေနင်နေတာ...

"Nae ဦးလေး Jung "

ခေါ်ဖို့ဆုံးဖြတ်ထားခြင်းမဟုတ်ပေမဲ့ ဦးလေး Jung လို့ခေါ်တာအသင့်တော်ဆုံးထင်သည်..

"ဦးရဲ့သား Jung Hoseok ကိုလဲမင်းဆီအပ်ပါတယ် သားမြင်တဲ့အတိုင်းပဲလေ လူကသာသားထက်ကြီးတာလူကောင်ကလဲသားထက်နည်းနည်းညှပ်တဲ့အပြင် ကြောက်တတ်တာကလဲရှိသေးတော့ ဆရာကိုတပည့်ကပဲပြန်စောင့်ရှောက်ပေးပါအုံးကွယ်"

"ဟုတ် စိတ်ချပါ ကျွန်တော် သေချာစောင့်ရှောက်ပေးမှာပါ.."

baby Hyungကိုမျက်စိတစ်ဖက်မှိတ်ပြပြီးပြောလိုက်တော့

"အဟွတ်.. အဟွတ်"

ဟော baby Hyung လေး coffee သီးပါပြီ
ရှက်တတ်ရန်ကော...

"အဟက်ဟက် "
သူအသာလေးကြိတ်ရယ်မိသည်
မာမီနောက်အိမ်ထောင်ပြုမှာကိုအသာတကြည်လက်ခံပေးခဲ့တဲ့ကိုယ့်ကိုကိုယ်အခုမှအရမ်းချစ်နေမိတယ် ဒီလိုအမြော်အမြင်ကြီးပေခဲ့တာလား

My StepbrotherWhere stories live. Discover now