Ep-5

1.2K 160 43
                                    

Unicode~~~

"အဆင့်တွေကအမြဲဘိတ်ဆုံးမှာပဲလား ဒီတသက်ဒီ့ထက်တက်လာဖို့အစီအစဉ်မရှိတာလား
Kim V"

"...."

"အထူးသဖြင့် Maths  ကိုကြည့် အောင်မှတ်တောင်မရဘူး"

ကျစ်.. ဘာလို့ဒါတွေကိုအရေးတယူလုပ်ပြီးနားလာပူနေတာလဲလို့ပုံမှန်သာဆိုရင်ပြန်ပြောမိမှာ‌ပေမဲ့...
ဆူနေသူကအခြားသူမဟုတ်..
ဘာသာရပ်ပြဆရာအနေကနေ အတန်းတာဝန်ခံအဖြစ်သို့လောလောလတ်လတ်ရာထူးတိုးသွားသည့် သူ့ Baby Hyung ဖြစ်နေတာကြောင့် ပြန်ပြောချင်စိတ်ကိုမျိုသိပ်ထားလိုက်သည်...

ဒီလိုဆူပူနေတဲ့ baby Hyung ဟာအဘိုးကြီးပေါက်စလေးလိုနားညီးနေတာကြောင့် Kim V ပျော်မနေပါ...

"တော်ပါတော့..သားရယ်"

Mr Jung ကပင်မနေနိုင်တာကြောင့်ဝင်တားယူရပြီ...ဟုတ်ပါတယ်ဆူနေတာကအိမ်မှာပါ
ကျောင်းကအထုပ်ကိုအိမ်အထိသယ်လာပြီး ဧည့်ခန်းထဲမှာပါလာဆူနေတာပါ...

မာမီတောင်သူ့ကိုကျောင်းအဆင့်တွေနဲ့ပတ်သက်လို့အခုလောက်ထိဆူပူမနေဖူးဘူး...

အကယ်၍သာအိမ်မှာကျွန်တော်နဲ့ baby Hyung နှစ်ယောက်ထဲသာဆို ဒီလိုဆူပူနေတဲ့ဘဲနှုတ်ခမ်းဆူနုနုလေးကိုသိမ်းယူပစ်မိမှာ...

"တော်လို့မရဘူးလေအဖေရယ် အခုဆိုရင်သူနဲ့ကျွန်တော်နဲ့ကညီအကိုတော်တယ်ဆိုတာလဲကျောင်းကလူအတော်များများကသိနေပြီ"

"အတန်းတာဝန်ခံဆရာရဲ့ညီဖြစ်သူကတခန်းလုံးမှာဘိတ်ချီးတဲ့ လူကြားကောင်းကြရဲ့လား"

လူကြားမကောင်းလဲနားမထောင်ကြနဲ့ပေါ့

"ကဲပါ သားရယ် Kim V ကိုအန်တီဆူပါ့မယ်"
ငါသာသားကိုငယ်ငယ်ကတည်းကအခုလိုဆူပူထိန်းကျောင်းပေးခဲ့ရင်အခုလောက်ဆို Korea တစ်နိုင်ငံလုံး No.1 ဖြစ်နေလောက်ပြီ..ဟုသာ
Mrs Kim တွေးမိသည်..

"ကဲ တော်ကြတော့ uncle မေးမယ် အခုသား Kim V ကဘယ်မှာကျူရှင်ယူထားလဲ..''

ကျူရှင်ကယူထားပေမဲ့ မတက်ချင်တာကြောင့်ဟန်ပြအနေနဲ့တခြားကျောင်းသားတစ်ယောက်ကိုအစားတက်ခိုင်းထားတယ်ဆိုတာဘယ်လိုရှင်းပြရမလဲ ဒီကိစ္စမာမီတောင်မသိဘူး...

My StepbrotherWhere stories live. Discover now