Ep- 8

926 96 14
                                    

Unicode

"ဒီလိုလုပ် "

"ဘယ်လိုလဲ "

"ငါတို့အကြောင်းကိုလူကြီးတွေမသိအောင်လျှို့ဝှက်ထားရမယ် ကျောင်းကလူတွေလဲမသိရဘူး ဘယ်သူမှကိုမသိစေနဲ့ကွာ "

"Jimin နဲ့ Jungkook သိသွားပြီလေ "

" အဲ့ဒါက .. "

သိသိသာသာကိုတိုးကျသွားတဲ့သူ့အသံလေးကိုကြားရတာ Kim V စိတ်မချမ်းသာဖြစ်ရသည်
စတွဲမည်မကြံသေးဘူး သူ့ကြောင့် Jung Hoseok အကြပ်ရိုက်သွားပြီလားဟူသည့်စိုးရိမ်စိတ်ကဝင်လာသည်

*နေပါအုံး Kim V ဆိုတဲ့ငါကဘယ်အချိန်ကတည်းကအခုလိုတခြားလူအတွက်ဝင်ပြီးစိုးရိမ်ပေးတတ်သွားတာလဲ ကျွန်တော်တော့ခင်ဗျားကိုအတော်လေးသဘောကျမိနေပြီထင်တယ် *

"သိပ်စိတ်ပူမနေပါနဲ့ သူတို့ကိုကျွန်တော်ပြော
လိုက်ပါ့မယ် "

"တကယ်ကို Kim V ကအကောင်းဆုံးပဲ "

ချွဲသည်ဟုမမည်သော်လဲချွဲလိုက်သည့်အသံမျိုးနှင့်ပြောလိုက်သည့်အခါမှာ သူ့ဘက်ကအူယားရပြန်သည်
ကားမောင်းနေတဲ့သူ့အာရုံတွေအကုန်လုံးကိုဘေးက stepbrother လေးကသိမ်းယူပစ်လိုက်သည်
မီးပွိုင့်စိမ်းနေမှန်းသူမသိလိုက်တာကြောင့် နောက်ကစိတ်တိုနေတဲ့ကားတန်းရှည်ကြီးရဲ့ဟွန်းတီးသံတွေစည်ညံစွာထွက်ပေါ်လာတော့သည်

"ဒါနဲ့ကျွန်တော်တို့ကအခုတရားဝင်လူသိမခံတွဲနေကြပြီဆိုတော့လေ ခင်ဗျားလေးကကျွန်‌တော့ကိုဘယ်လိုခေါ်မှာလဲ "

"ဘာလဲ တရားဝင်ဆိုတရားဝင်ပေါ့လူသိမခံကြီးကဘာလဲ "

"ဟုတ်တယ်လေ ခင်ဗျားပဲလူသိမခံချင်ဘူးဆို "

"ထားလိုက်ပါတော့ကွာ "

"ဘာကိုထားရမှာလဲ လူသိခံရမှာလား "

"အာ မဟုတ်ဘူးလေ တရားဝင်ပဲပြောပြော လူသိမခံပါထည့်ပြောချင်ပြော ရတယ်လို့ပြောတာ"

"ဟားဟား သိပါတယ်ဗျာ ကျွန်တော်နောက်တာပါ အဲ့လောက်လန့်မနေပါနဲ့ "

မျက်စောင်းစူးစူးကသူ့ဆီတည့်တည့်ရောက်လာတော့သည်

သူကလဲရေဒီယိုကလာတဲ့သီချင်းသံကိုသံယောင်လိုက်ပြီး ပြန်ချော့သည့်အလားနှုတ်ခမ်းထော်ထော်နဲ့ဆိုပြလိုက်တော့သည်

You've reached the end of published parts.

⏰ Last updated: Aug 25, 2022 ⏰

Add this story to your Library to get notified about new parts!

My StepbrotherWhere stories live. Discover now