Unicode
"V ဒီနေ့ငါတို့အခန်းကို သချာ√ဆရာ အသစ်ရောက်မယ်တဲ့"
"ပထမတစ်ယောက်ကဘာဖြစ်လို့လဲ"
"ရောဂါကြောင့်ဆေးရုံတက်ရမယ်တဲ့ အခုအသစ်လာမဲ့တစ်ယောက်ကသူ့တပည့်လို့ကြားတယ်"
"Whatever... ဒါဆိုငါတို့ကကြိုဆိုပွဲလေးလုပ်ရအုံးမယ်ပေါ့"
V အပြောကို Jungkook နဲ့ Jimin သဘောတူဟန်ပြပြီး သူတို့ရဲ့ထုံးစံအတိုင်း ပြင်ဆင်ကြသည်ပေါ့...
တကယ်တော့ပြင်ဆင်စရာကသိပ်မလိုပါဘူး..
သတင်းကိုကြိုသိနေတဲ့ Jk က လမ်းမှာကတည်းက cream cake တစ်ခုကြိုဝယ်ပြီးသားရယ်..Jimin ဆိုသည်မှာ အလိုက်တသိနဲ့ကို လက်ကိုင်ပုဝါမှာမှင်တွေကြိုသုတ်ပြီးသားပေါ့...
Kim V လား ယောကျာ်းလေးသန့်စင်ခန်းကိုခေါ်သွားတဲ့သဘောနဲ့ အကျီ√တွေကိုရေစိုအောင်လုပ်ဖို့အကွက်ချပြီးသား...
အရင်ပထမဆရာတုန်းကတော့ အသက်ကြီးနေပြီမို့ကြိုဆိုနည်းကဒီလောက်မပြင်းထန်ခဲ့ပါ..
"JK မင်းတို့အဆင်သင့်လုပ်ထားတော့..အခုပဲငါ ကျောင်းအုပ်ရုံးခန်းရှေ့ကဖြတ်လျှောက်ခဲ့တာ ဆရာအသစ်ကိုမိတ်ဆက်ပေးတော့မယ်ပြောတယ်.."
Toilet ကပြန်လာရင်း ကြားလာတဲ့စကားကို သူ့သူငယ်ချင်းတွေအားအရင်ဆုံးသံတော်ဦးတင်သော Park Jimin
ပြောပြီးသိပ်မကြာလိုက် စာသင်ခန်းတံခါးကိုဖွင့်ကာဝင်လာသည့် ကျောင်းအုပ်
"ကျစ်.. မိတ်ဆက်စရာရှိတာမမိတ်ဆက်ဘူး
ဩဇာသီးကရောင်းမကုန်.."V စိတ်မရှည်စွာရေရွတ်မိလေသည်..
အခန်းရဲ့တံခါးနှင့်နီးတဲ့ထောင့်ဘက်ခြမ်းတွင် V ထိုင်ပြီးတော့ သူ့ဘေးကပ်ရပ်ခုံတွင် JK ရှိလေသည် JK နောက်ခုံတွင်တော့ Jimin
"ဆရာ အသစ်ဝင်လာလို့ရပါပြီ ကလေးတွေကိုမိတ်ဆက်လိုက်ပါအုံး..."
ကျောင်းအုပ်ရဲ့စကားသံအဆုံးမှာ ပြန်ပွင့်လာတဲ့စာသင်ခန်းတံခါးနှင့်အတူ ဝင်လာတဲ့ ခပ်ငယ်ငယ်သချာ√ဆရာဟာ Kim V ရဲ့အသီးအရွက်မစားတဲ့ Stepbrother လေးပင်...