Ep-7

1K 144 28
                                    

Unicode

"ခင်ဗျားကသူ့ကြောင့်ကျွန်တော့်ကိုငြင်းလိုက်တာလား "

သူတို့ထိုင်နေတဲ့ကုတင်ဘေးဆီကနေလိုက်ကာကိုဆွဲဖွင့်လိုက်ခြင်းနဲ့အတူထွက်ပေါ်လာတဲ့အသံနှင့်ရင်းနှင်းပြီးသားမျက်နှာချောချော
စိတ်ထဲနည်းနည်းတော့တုန်လှုပ်သလိုဖြစ်သွားပေမဲ့Hoseok သူ့အသံကိုထိန်းလိုက်ရင်း

"Kim V ကဒီရောက်နေတာလား
ဆေးပေးခန်း‌တော့မဟုတ်ပဲ ကျောင်းအဆောင်ပျက်ထဲရှိနေလောက်မယ်ထင်ထားတာ"

"ကျွန်တော်မေးတာသာဖြေစမ်းပါဗျာ
ငြင်းလိုက်ရတဲ့အကြောင်းပြချက်ကသူ့ကြောင့်လား"

Namjoon ကိုလက်ညှိုးညွှန်ပြရင်းသူ့မျက်ဝန်းတွေကိုစူးစိုက်ကြည့်ပြီးမေးလာတဲ့ Kim V
မျက်ဝန်းနှစ်ခုစုံမိတဲ့အချိန်မှာ Hoseok မနေ့ကအဖြစ်အပျက်တွေပြန်မြင်ယောင်မိတော့သူ့ခေါင်းကိုအမြန်ခါရမ်းပစ်ရင်းဖျောက်ပစ်လိုက်ရသည်

"ခေါင်းခါတာကဘာသဘောလဲ"

ထပ်မေးလာတဲ့မေးခွန်းကြောင့်ပိုစိတ်ရှုပ်လာသဖြင့်ပြီးစလွယ်အဖြေတစ်ခုကိုပေးခဲ့ပြီးဒီနေရာကအမြန်ထွက်သွားဖို့သာသူတာဆူနေခဲ့တော့သည်

"မင်းထင်ချင်သလိုသာထင်တော့ကွာ
လာ Joon သွားကြမယ်"

ထိခိုက်မိလာတဲ့ခြေထောက်ကနာကျင်မှုကိုဂရုမပြုနိုင်အောင်ပင် Kim Namjoon လက်ကိုဆွဲပြီးထွက်သွားတဲ့ကျောပြင်လေးကစိမ်းသက်သက်လေးရယ်..

"ဟာ...ခင်ဗျားတို့ကဘာတွေလဲဗျာ..."
Kim V တစ်ယောက် မတိကျမရေရာမှုတွေကြောင့်စိတ်အိုက်အိုက်ဖြင့်အော်သည်းမိရင်းဆေးပေးခန်းရဲ့ကုတင်ပေါ်ဘုန်းခနဲမြည်အောင်သာလှဲအိပ်လိုက်မိသည်...
လူတစ်ယောက်ကိုသဘောကျလို့ရတတ်တဲ့စိတ်ကင်ဆာဆိုတာဒါမျိုးထင်တယ်...
ဘဝတစ်လျှောက်လုံး အခြားသူတွေကသာသူ့ကိုသဘောကျခဲ့ပေမဲ့သူကတော့ဒါပထမဆုံးအခြားလူကိုစရင်ခုန်မိခြင်းပင်...

~~~~~
"မင်းအဖေနောက်မိန်းမရဲ့သားဆိုတာ Kim V လား"

"ဟုတ်တယ်လေ ငါကမင်းသိပြီးပြီထင်နေတာ"

"ငါကလွဲပြီးတစ်ကျောင်းလုံးသိနေတာဖြစ်လိမ့်မယ် ဟားဟား"

My StepbrotherWhere stories live. Discover now