Chapter two: : အောင်အောင်ဦး နှင့် မျိုးမင်းထက်
“ကလင်....ကလင်..ကလင် ”“ကလင်....ကလင်...ကလင်”
“ ⏰⏰⏰⏰⏰⏰⏰⏰⏰⏰ ”
အိပ်ယာဘေးနားရှိ စာပွဲတင်နာရီ၏ နိုးစက်သံကြောင့် သန့်ဇင်ကိုတစ်ယောက် အိမ်မက်မက်လို့ ကောင်းနေတုံးမှာပင် လန့်နိုးလာသည် ။
သူမျက်လုံး နှစ်လုံးဖွင့်လိုက်တော့ စစချင်း ခေါင်းထဲဝင်လာသည့်အတွေးက “ဒီနေ့ တနင်္လာနေ့ပါလား......ငါကျောင်းသွားရတော့ မှာပါလား” ဟူ၍ဖြစ်လေသည် ။
သန့်ဇင်ကိုလည်း မထချင်ထချင်ဖြင့် အိပ်ယာပေါ်မှ ထပြီး စောင်တွေကိုခေါက်သိမ်းခဲ့ကာ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အမေဖြစ်သူကတော့ မီးဖိုချောင်ထဲတွင် တစ်အိမ်လုံးစာအတွက် ထမင်းဟင်းများ ချက်ပြုတ်နေလေသည် ၊ မီးဖိုချောင်ထဲက သူ့အမေက သန့်ဇင်ကို ကိုမြင်တော့.....
“သား....မင်းလုပ်စရာရှိတာလုပ်ပြီးရင် ညီမလေးကို သွားနှိုးလိုက်ဦး”
“ဟုတ်ကဲ့အမေ”
သန့်ဇင်ကိုလည်း မျက်နှာသစ် သွားတိုက် အိမ်သာတက်ပြီးတော့ မျက်နှာသုတ်ရင်း သူ့ညီမလေးကို အိပ်ရာမှနှိုးလိုက်သည် ၊ ပြီးနောက် ရေတွင်းထဲကရေကိုဆွဲကာ တစ်အိမ်လုံးရှိ စဥ့်အိုးများ...ရေကန်များ....သောက်ရေအိုး...မီးဖိုချောင်အတွက် ပန်ကန်ဆေးရန် ထားရှိသော ရေကန်ငယ်လေး....နောက်ဆုံး အိမ်သာရေအတွက်ပါ လိုအပ်သလောက် ရေဆွဲပြီး ဖြည့်ပေး ရသည်။မနက်ခင်းပိုင်း ရေဖြည့်သည့်တာဝန်မှာ သန့်ဇင်ကိုဖြစ်ပြီး ညနေခင်းပိုင်း ရေဖြည့်သည့်တာဝန်မှာလည်း သူပင်ဖြစ်လေသည်။
မနက်စာကို မိသားစုအတူတူစားပြီးသောအခါ ရုံးသွားရန် ကျောင်းသွားရန်အတွက် ပြင်ဆင်ကြရ လေသည် ၊ သန့်ဇင်ကိုက အမေ့စက်ဘီးရော သူ့စက်ဘီးပါ ဂိုထောင်အပြင်ဖက် ထုတ်ခဲ့ပြီး ရှေ့ဘီး နောက်ဘီး လေလျော့မလျော့ လက်ဖြင့်စမ်းကာ လေလျော့နေလျင် လေထိုးတံဖြင့် ကုန်းကုန်းကွကွ နှင့်ထိုးရလေသည် ။အမေနှင့် နှစ်တန်းအရွယ် ညီမလေးက တစ်စီး ၊ သူကတော့တစ်ကိုယ်တော် တစ်စီးဖြစ်လေသည် ၊ အိမ်တွင်တော့ အဖိုးတစ်ယောက် ထည်းအိမ်စောင့်အနေဖြင့် ကျန်ရစ်ခဲ့လေသည်။
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...