Chapter Ten: : ဖိုက်တင်ပလေးပွဲ
“ ဖျောက်....ဖျောက်...ဖျောက်...ဖျောက်...ဖျောက်”
“⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈⛈”
သန့်ဇင်ကိုတို့၏ အိမ်ခေါင်မိုးပေါ်တွင် မိုးရေစက်များက တဖြောက်ဖြောက် ရွာသွန်းနေသည်။အိုဟောင်းနေပြီဖြစ်သော အိမ်အိုလေး၏ သွပ်ပြားမှ မိုးယိုစိမ့်မှုကြောင့် သန့်ဇင်၏ မျက်နှာပေါ် ရေစက်များကျလာသဖြင့် အိပ်ပျော်နေရာမှ လန့်နိုးသွားသည် ။
ဘေးနားရှိ စားပွဲတင်နာရီလေးကိုကြည့်လိုက်တော့ ငါးနာရီခွဲသာ ရှိသေးသဖြင့် ရေမစိုစေရန် ခေါင်းအုံးကို ညာဖက်သို့ရွေ့လိုက်ပြီး စောင်ကို ခေါင်းမှီးခြုံကာ မိုးအေးအေးနှင့် ပုဇွန်ကွေး ကွေးအိပ်နေလိုက်သည် ။
“ကလင်....ကလင်...ကလင်...ကလင်..ကလင်”
“⏰⏰⏰⏰⏰⏰⏰⏰⏰⏰⏰”
“အွင်း.....”
သန့်ဇင်ကိုမထချင်သော်လည်း ကျူရှင်သွားရန် နိုးစက်ကမည်နေပြီဖြစ်၍ မထချင်ထချင်နှင့် ကုတင်ပေါ်ကဆင်းလိုက်ရသည် ။မနက်ခင်း ဆောင်ရွက်စရာရှိသည်များကို မြန်မြန်ဆောင်ရွက်ပြီး ကျူရှင်နှင့် အိမ်ကသိပ်မဝေးသဖြင့် ထီးဆောင်းကာ ထွက်လာခဲ့ လိုက်သည် ။
ကျူရှင်မှာ စာသင်နေချိန်တွင်လည်း မိုးကပျင်းရိဖွယ်ကောင်းအောင် အုံ့မှိုင်းပြီး ရွာသွန်းနေဆဲပင်.......ရွှံ့တွေဗွက်အိုင်တွေ...စိုစိစိပျော့အိအိမြေကြီးများနှင့် သွားလာ၍ မကောင်းသော မိုးဥတုကို သန့်ဇင်ကိုမကြိုက်ချေ ။
စိတ်ရှိတိုင်းဆိုလျင် ဘယ်ကိုမှမသွားပဲ အိပ်ယာပေါ်မှာပင် ဇိမ်နှင့်နှပ်နေလိုက်ချင်သည်.....အခုတော့ ကျူရှင်ကဆရာသင်သမျှကို လက်ဝါးလေးအုပ်သမ်းပြီး သင်ယူနေရလေသည်။
ကျူရှင်ချိန်ပြီး၍ အိမ်တွင် မနက်စာထမင်းစားတော့ မိုးကစဲသွားသဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားသည် ။ထမင်းစား....ကျောင်းဖြူကျောင်းစိမ်းလဲပြီး စက်ဘီးကို ထုတ်ကာကျောင်းသွားမည်အလုပ်တွင် မိုးစက်ပေါက်ကြီးများက ပို၍ပင် ရွာသွန်းလာပြန်သည် ၊ ကျောင်းသွားကျောင်းပြန်....ရုံးတက်ရုံးဆင်းသည့် အချိန်ကိုမှ ကွက်တိချိန်ကာ ရွာသွန်းတတ်သည့် မေမြို့မိုးကတော့ ထုံးစံအတိုင်း မိုးပေါ်ကနေ ကျလာပြန်လေပြီ။
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...