Chapter Six: : Beginning of the Destiny
ဒီနေ့သည် သန့်ဇင်ကိုပျော်ရမှာလိုလို စိတ်ညစ်ရမှာလိုလိုဖြစ်သည့် တနင်္ဂနွေနေ့ပင်။
မနက်ခင်း ၆နာရီခွဲတွင် အိပ်ယာမှနိုးထလာခဲ့ပြီး မျက်နှာသစ် သွားတိုင်အပြီးတွင် လျော်ရမည့် အဝတ်ပေများကို ဇလုံတစ်ခုထဲတွင်ထည့်ပြီး ဆပ်ပြာမှုန့်ကိုအရည်ဖျော်ကာ လျော်ရလွယ်ရန် စိမ်ထားလိုက်သည်။
မနက်စာထမင်းစားပြီးနောက် နေထွက်လာတော့ မိမိ၏ ကျောင်းဝတ်စုံအပြင် အိမ်နေရင်းအဝတ်များကိုပါ လျော်ဖွတ်ရသည် ။
သန့်ဇင်က တစ်အိမ်လုံး၏ အဝတ်အစားများကို လျော်ဖွတ်ပေးရသည့် သူ့အမေကိုအားနာ၍ ခြောက်တန်းလောက်ကတည်းက သူ့အဝတ်ကိုသူလျော်ဖွတ်သည်။
အစကမူ ဂျီးသိပ်မပြောင်သော်လည်း သူ့အမေ၏ သင်ပြမှုဖြင့် ခဝါသည်ပေါက်စလေးဖြစ်နေ လေပြီ။
အဝတ်များကို သေချာလျော်ပြီးသောအခါ ဆပ်ပြာရည်မကျန်အောင် ရေသုံးထပ်လောက် စစ်ပြီးကာမှ ရေညှစ်ပြီး လှန်းသည် ။
ပြီးနောက် သူနေသည့် အိမ်အပေါ်ထက်ကို သန့်ရှင်းရေးလုပ်ပြီး ရေချိုးလိုက်သည်......
နေ့လည်စာမစားခင် အချိန်အထိ ကျန်ရှိသော ကြားအချိန်လေးကို စိတ်မပါသော်လည်း စာလုပ်ရသည်။
နေ့လည်စာစားပြီးတော့ အဖိုးတို့ အမေတို့နှင့်အတူတူ တနင်္ဂနွေနေ့တိုင်း မြဝတီရုပ်သံလှိုင်းက ထုတ်လွှင့်ပြသသော အဖြူအမည်းနှင့် မြန်မာရုပ်ရှင်ဗီဒီယိုဇာတ်ကားဟောင်းများကို ကြည့်ကြသည် ။
သန့်ဇင်ကိုသည် အခုခေါတ်ပေါကြောင်ကြောင် မြန်မာဗီဒီယိုကားများကို မကြိုက်သော်လည်း ဇာတ်အိမ်ခိုင်မာသည့် ခေါ်ဟောင်းမြန်မာရုပ်ရှင်တွေကိုတော့ ကြိုက်နှစ်သက်လေသည်။
နေ့လည်ခင်း ဇာတ်ကားကြည့်ပြီးနောက် ကျောင်းပြန်ဖွင့်လျင် အကျင့်ပါမည်ဆိုးသော်လည်း တစ်ရေးတစ်မောတော့ အိပ်လိုက်သေးသည် ။အိပ်ရာနိုးသည့်အချိန်သည် စာကျက်ရန် အကောင်းဆုံးအချိန်ဖြစ်သဖြင့် စာမေးပွဲအတွက်ပေးထားသည့် စာများကိုကျက်နေလိုက်သည်။
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...