Chapter Eleven: : Love Lessons of Ma Han Ni ( Part – 1 )
သန့်ဇင်ကိုတစ်ယောက် ကျောင်းကပြန်အလာ ညနေခင်းကျူရှင်ချိန်တွင် အခါတိုင်းလို အိပ်မငိုက်ပဲ ဆရာသင်သမျှကို လိုက်လံအော်မှတ်ရင်း စာကြိုးစားနေသည် ။ယခုလို ကျောင်းသားများ တက်ကြွနေကြခြင်းမှာ သောက်ကြာနေ့အတွက် နောက်ဆုံးကျူရှင်ချိန် ဖြစ်သောကြောင့်ပင် ဖြစ်လိမ့်မည်.....
ဒီတစ်ချိန်ပြီးလျင် အိမ်ပြန်နားရတော့မည် မဟုတ်လော ၊ မနက်ဖြန်လည်း ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မနက်ခင်းပိုင်း အစောတစ်ချိန် ရှိသော်လည်း နေ့ခင်းပိုင်းတွင် အေးအေးဆေးဆေး နားနားနေနေ နေရုံပင်..........
ကျူရှင်မှသင်သမျှကို တက်ကြွစွာအော်ပြီး အိမ်ပြန်အလာတွင် အသံတောင် ဝင်ချင်နေလေပြီ။
အိမ်ကိုပြန်ရောက်တော့ အခါတိုင်းလိုပင် သန့်ဇင်ကိုက.....
“အမေ့......သားအိမ်ပြန်ရောက်ပြီနော်”ဟု အော်ပြောလိုက်သည် ။
အမေဖြစ်သူက....
“သား....လွယ်အိတ်ချပြီး အပေါ်ထပ်တက်လာဦး”
“ဟုတ်ကဲ့အမေ...လာပြီး ၊ ရေသောက်လိုက်ဦးမယ်”
“အေး...မြန်မြန်လာ”
သန့်ဇင်ကိုလည်း ရေအိုးစင်ထဲက ရေတစ်ခွက်အပြည့်ထည့်ကာ သောက်လိုက်ပြီး အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည် ။အပေါ်ထပ်က သူ့အခန်းထဲတွင် အမေက အိပ်ယာခင်းလဲပြီး ခြင်ထောင်အသစ်ထောင်နေသည်ကို တွေ့လိုက်ရသည်........
“သား....ခြေရင်းက ခြင်ထောင်ကြိုးလေးချည်ပေးပါဦး ၊ အမေ မမှီလို့”
“ဟုတ်ကဲ့...အမေ့ ၊ အိပ်ရာက သားအတွက်လား..... ဧည့်သည်လာမှာမလို့လား”
“အော်...အေး မင်းကိုမပြောရသေးဖူး ၊ မဟန်နီ ဒီကိုခဏလာနေမလို့”
“အင်း....ဘယ်လိုဖြစ်လို့လဲ”
“ဆေးရုံကပေးတဲ့ သူ့တိုက်ခန်းက ကြာနေပြီဆိုတော့ အပေါ်က အုပ်ကြွတ်တွေက မလုံတော့လို့ ရေယိုနေတာ.....အဲ့တာ ပြန်ပြင်ပေးနေတုန်း နှစ်ရက်သုံးရက်လောက် ဒီလာနေမှာ”
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...