Chapter Four: : စုံညီပွဲတော်
နံနက်ခင်း ဆယ်နာရီခန့်အချိန်တွင်ဖြစ်သည်...........
အခန်း၏ အတန်းပိုင်ဆရာမဖြစ်သော ဒေါ်ဝါဝါသိန်းက သန့်ဇင်ကိုအား မုန့်စားကျောင်းဆင်းလျင် ဆရာ၊ ဆရာမနားနေခန်းသို့ လာခဲ့ရန်ပြောထားခဲ့သောကြောင့် ဘယ်ဖက်မျက်ခုံးများလှုပ်နေကြသည်။
သို့သော်လည်း အခုတလော သူဘာပြဿနာမှမရှာရသေး...ထို့ကြောင့် စုံညီပွဲတော်တွင် ကာတွန်းဆွဲရန် အတွက်သူ့အား ညွန်ကြားချက်ပေးလိမ့်မည်ဟု စိတ်ထဲတွင် ခံစားမိနေသည်။
သန့်ဇင်ကိုတစ်ယောက် ဆရာမနားနေခန်းကိုသွားတော့ အမှန်တကယ်လည်း ကာတွန်းရုပ်ပြ သုံးချပ်ဆွဲရန် အမိန့်ပေးသည်။
နှစ်စဥ်နှစ်တိုင်း သူတစ်ယောက်ပဲ ဒိုင်ခံဆွဲလာရ၍ ငြင်းဆိုချင်သော်လည်း မရမှန်းသိလေသည်.....
သန့်ဇင်ကိုက ပန်ချီကို ဝါသနာပါသော်လည်း စာကြည့်တိုက်မှူးက သူချပေးသည့် ခေါင်းစဥ်အောက်တွင်သာ ဆွဲခိုင်းသည်....
ပညာပေး မိဘကျေးဇူး ၊ ဆရာကျေးဇူးစသည့် မြန်မာလူကြီးတွေအကြိုက် အဖန်တရာတေနေသည့် ဇာတ်လမ်းများ ကိုသာဆွဲခိုင်းသည်။
ယခင်နှစ်တုန်းက သန့်ဇင်ကို၏ကိုယ်ပိုင် စိတ်ကူးနှင့်ဆွဲထားပြီး ရယ်ရသည့် ကျောင်းသားဟာသ ကာတွန်းကို ပွဲနှင့်မသင့်လျော် ဟုပြောပြီး ပယ်ချလိုက်ကတည်းက ပုံဆွဲပေးဖို့သိပ်စိတ်မပါတော့။
လူကြီးတွေ..... ဆရာ ဆရာမတွေကလည်း သူတို့ဖြစ်ချင်တာတွေပဲ လုပ်ခိုင်းသည်ဟု သန့်ဇင်ကိုစိတ်ထဲ မကျေမနပ် ဖြစ်မိသည်။
ထိုသို့ဖြင့် နေ့လည်စာစားပြီးသောအခါ စာကြည့်တိုက်မှူးဆီမှ ခေါင်းစဥ်ယူရန်အတွက် လေးလံသော ခြေလှမ်းများဖြင့် ပင်မအဆောင်ကြီးရှိရာသို့ သွားသည်။
အဝါရောင် ပင်မအဆောင်ကြီး၏ အောက်ထပ်တစ်ခုလုံးမှာ သတ္တမတန်းများ အားလုံး၏ စာသင်ဆောင်များဖြစ်ပြီး အပေါ်ထပ်တစ်ခုလုံးသည် အခန်းအနားပွဲများပြုလုပ်သည့် ဟောခန်းကျယ်ကြီးနှင့် အနောက်တစ်ခြမ်းတွင်ကပ်ထားသည့် စာကြည့်တိုက်လေးရှိ လေသည် ။
YOU ARE READING
When we were young
Romanceကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝကနေ အစပြုကာ ဖြစ်ပေါ်လာတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်။ ဂျစ်ကန်ကန် ကျောင်းသား ဆိုးပေလေး သန့်ဇင်ကို နဲ့ စာတော်ပြီး ဆရာများရဲ့ အချစ်တော် အိမ့်မျက်ချယ်တို့ရဲ့ ရင်ခုန်စရာ အဖြူစိမ်း ဘဝချိုချို။ W...