Vampire ခြွေတဲ့အနမ်းကြမ်း🖤
Part 6🖤…^~🖤…^~🖤
ရေလဲဝတ်စုံနဲ့ အရှေ့ထွက်လာချင်း
ကုတင်ပေါ်က သူ့ကိုမြင်လိုက်တော့
ကြက်သီးတွေဖြန်းခနဲ...သူ့ကိုကျော်ပြီးသွားမှ အဝတ်အစား
ယူလို့ရမှာဖြစ်လို့ လက်သီးလေး
ကျစ်ကျစ်ဆုပ်ကာ ကိုယ့်ကိုယ်ကို
ပြင်ဆင်လိုက်သည်။ခါးစည်းကြိုးကို သုံးလေး ပတ်ပတ်
ချည်ပြီးမှာ ခြေသံဖွလျှောက်ကာ
ဗီရိုအနားသို့ရောက်လာပြီး ဗီရို တံခါး
ဆွဲဖွင့်လိုက်သည်။ပြည့်လျှံနေတဲ့ အဝတ်တွေမှ
ဗီရို ကြီးကွဲထွက်တော့မည့်အလား
များပြားလွန်းလှသည်။အရောင်များစွာထဲက အစိမ်းရောင်ဖျော့ဖျော့
အကျိီးကို ဆွဲထုပ်လိုက်ပြီး ဘောင်းဘီတို
လိုက်ရှာနေ၏။ဘောင်းဘီရှာနေချိန် အနောက်က လက်တစ်ဖက်က
ဗီရို တံခါးကို ပိတ်ကာ လက်နှစ်ဖက်စလုံး ကောင်လေး
ခန္ဓာကိုယ်ကို ကျော်ပြီး ထောက်လာ၏။ကောင်လေး ပါးစပ်လေးအဟသား
သူ့ဘက်မလှည့်ပေ။အကြောတွေထောင်နေသည့်
လက်နှစ်ဖက်လုံးက ကောင်လေးအတွက်
ကြောက်စရာကောင်းနေ၏။
မလှည့်လာသေးတော့ ခန္ဓာကိုယ်လေး
တိုးကပ်လိုက်ရာ ကောင်လေး မျက်နှာ
ဖြူဖျော့သွားပြီး သူ့ကိုယ်လုံးနဲ့ထိနေမှုကြောင့်
ချက်ချင်းအရှေ့လှည့်တော့ အနားကပ်
ငုံ့ကြည့်နေတဲ့ သူ့ကြောင့် ကောင်လေး
လှည့်လိုက်တာနဲ့ နှာခေါင်းချင်းထိသွားရာ
အလန့်တခြားအနောက်ဆုပ်လိုက်တော့
ဗီရိုတံခါးနဲ့ကျောလေးကပ်သွား၏။V ခန္ဓာကိုယ်ကြီး နဲ့ ကောင်လေးကို
ကွယ်ထားတော့ ကောင်လေး ခန္ဓာကိုယ်လေး
ပျောက်ကွယ်နေသည်အထိ..."ပန်းသိီးအနှံ့ရတယ်
ဘာခေါင်းလျှော်ရည်သုံးတာလဲ
ကိုယ်ထားထားတဲ့ ခေါင်းလျှော်ရည်ဘူးတွေထဲက''"ဘာ...ဘာသုံးသုံး''
"ဟား...မွှေးနေတာဘဲ
ဘာ ဆပ်ပြာရည်သုံးတာလည်း...
ကိုယ်မင်း ကိုယ်သင်း ရနံ့ကိုကြိုက်တယ်...''"အဲ့...အဲ့ဒါ...အဲ့ဒါ..ခ..ခဗျား
ခဗျား..အွန့်''လက်ချောင်းလေးတွေနဲ့
မထိတထိလေး သူ့ရင်ဘက်ကို
တွန်းသလိုလေးကိုင်ထားတော့
ထိုလက်လေးကို အသည်းယားစွာ
တစ်ချက်ငုံ့ကြည့်ကာ ထစ်ထစ်ငေါ့ငေါ့
ဖြေပုံက နှုတ်ခမ်းလေးချွန်နေတာကြောင့်
စိတ်မထိန်းနိုင်လွန်း၍ ဖျက်ခနဲ ငုံ့နမ်းလိုက်၏။
ESTÁS LEYENDO
Vampire ခြွေတဲ့ အနမ်းကြမ်း
VampirosAuthor - Vampire ရေးသားသော " Vampire ခြွေသောအနမ်းကြမ်း" intro ကို စာရေးသူက မရေးလို့ မတင်ပါဘူး ဖတ်ချင်တယ်ဆိုရင် ဖတ်ပေးကျပါ မင်မင်ရေးတဲ့ fic မဟုတ်ပါဘူး တခြားသူရေးထားတာပါ သူ့ fic ကို ခိုးတာလဲ မဟုတ်ပါဘူး မင်မင်က တနေရာထဲမှာစုပီးဖတ်ချင်လို့ပါ နားလည်ပေးဖိ...