Chapter ( 13 )

5.6K 160 0
                                    

🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
                    Part 13

🖤…^~🖤…^~🖤
အချိန်အားဖြင့် ည ၁၀ နာရီ ဝန်းကျင်လောက်ခန့်...

သန့်စင်ခန်းထဲက ကို့ယို့ကားယားလေးပြန်ထွက်
လာသူ ကောင်လေး အား ကုတင်ထက် ခေါင်းထဲ
လက်ထည့်ပြီး V ကြည့်နေပြီး အသဲယား၍ပြုံးလိုက်မိသည်။

"အဆင်ပြေလား ယုန်ပေါက်လေး''

သူ့ကိုမြင်မှ မျက်စောင်းပိတ်ထိုးပြီး
ရေချိုးခန်းထဲဝင်ဖို့ခြေနှစ်လှမ်းလောက်
လှမ်းလိုက်ရာ ရယ်သံပါမေးလာတဲ့
သူ့ကြောင့် ဒေါသတွေဆူထွက်လာခဲ့၏။

"ခံကြည့်ပါလား ခဗျား...
အဆင်ပြေမပြေသိလိမ့်မယ်...
အလိုမတူဘဲ မုဒိန်းကျင့်တဲ့အမှု့နဲ့
ခဗျားကြီးကို ရဲတိုင်ပြမယ်
လူယုတ်မာကြီး...''

"ဘယ်လိုခေါ်လိုက်တာ!''

ကုတင်ပေါ်ကခြေထောက်ချလိုက်တော့
မျက်ရည်လေးအဝိုင်းသားနဲ့ ပြူးကြည့်ပြီး
ရေချိုးခန်းထဲသာဝင်ခဲ့လိုက်တော့၏။
အထဲရောက်တော့လည်း ချက်ချင်းရေမချိုး
နိုင်ပါချေ။

သူ ကုတင်ပေါ်ပြန်လှဲလိုက်ပြီး သဘောကျစွာ
ပြုံးလိုက်သည်။ဒီခလေးနဲ့ကျမှ သူ့အရာအားလုံး
သိသိသာသာပြောင်းလဲသွားခဲ့တာမို့ ဘယ်လို
နည်းနဲ့မှ မဆုံးရှုံးချင်တော့ပေ။

ဟုတ်ပါရဲ့ သူလုပ်တာများသွားတယ်ထင်တယ်
လမ်းတောင်မလျှောက်နိုင်ရှာဘူး...
ဘာဘဲဖြစ်ဖြစ်ကျေနပ်တယ်...

🖤…^~🖤…^~🖤
အိပ်ရာထဲခွေခွေလေးအိပ်ပျောနေသူကို
ကြည့်၍ ပြတင်းပေါက်နား ဖုန်းဆက်ဖို့
ထွက်လာခဲ့၏။

"စေ... မင်းနဲ့ငါပေါင်းစပ်လုပ်ထားတဲ့
အလုပ်တွေအားလုံး ငါ့ဘက်က ဖြတ်သိမ်းတယ်''

"...........''

"အဟွန်း ဘာလို့လဲ ဟုတ်လား...မင်းခွေးကျင့်ခွေးကြံ
ကြံသွားလို့လေး မင်းနဲ့ငါပေါင်းလာတဲ့ ငါးနှစ်မှာ
မင်း ငါ့ခလေးကိုမြင်ပြီး ငါ့ပေါ်သစ္စာဖောက်သွားခဲ့တယ်...
ငါနေတဲ့နေရာကို တော်ရုံ အထည်ကြီးသူတွေ၊ရဲတွေ
တောင်လိုက်နိုင်မှာမဟုတ်ဘူး...အေ ခလေးရဲ့အကို
ဗြုန်းဆိုင်းကြီး ရောက်လာတယ်ဆိုထဲက မင်းခွေး
လိုရိုင်းသွားပြီဆိုတာ ငါသိတယ်...ငါအဲ့လောက်ထိ
အတွေးမခေါင်ပါဘူး...ငါတို့ပတ်သတ်စရာကုန်ပြီထင်တယ်..
အော်...တစ်ခုတော့ပြောဦးမယ်...ငါ့ခလေးက ငါ့အတွက်
နော်...မင်းကြိုးစားရင် မင်းရဲ့ရလဒ်အတွက် ငါကြို
ပြောလိုက်မယ် မင်းခေါင်းကို မင်းပခုံးထက်မှာဘဲ
ရှိစေချင်ရင် အေးဆေးဝေးဝေးနေလိုက်!!''

Vampire ခြွေတဲ့ အနမ်းကြမ်းWhere stories live. Discover now