Chapter ( 2 )

11.2K 339 2
                                    

🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
                    Part 2

🖤…^~🖤…^~🖤
"ကျွန်...ကျွန်တော်...ကျွန်တော်လေး
ကျောင်း...ကျောင်း တက်ရဦးမယ်ဗျ...
အဲ့..အဲ့တာ..''

"အင်...မနက်ဖြန်မှလေ..အခုထဲက ခုံကြိုဦး
ရတာလား...''

"ဗျ..ဗျာ...''

"မင်းကို သတိပေးထားရမယ်...
ကျောင်းတက်ခွင့်ပေးဖို့မပေးဖို့က
ငါစိတ်ကြည်ရင်တော့ တစ်မျိုးပေါ့...
တစ်ကယ်လို့မင်းကို ကျောင်းတက်ခွင့်
ပေးရင်...မင်းထွက်ပြေးလို့ရမယ်မထင်နဲ့...
ငါ့လူတွေ နေရာတိုင်းမှာ မင်းကိုစောင့်ကြည့်
နေမယ်ဆိုတာ သိထား...အဟွန်း!!
တကယ်လို့မင်း တစ်ခါလောက်ထွက်ပြေးဖို့
ကြိုးစားခဲ့ရင်...မင်းတစ်ပတ်လောက်
အိပ်ရာပေါ်က မဆင်းရအောင်ငါလုပ်ပေးမယ်!''

"မ..မ...မ..''

"အဟွန်းဟွန်း...လိမ်မာနော်...
ကိုယ် က လူကောင်းမဟုတ်တော့
ထစ်ခနဲဆို တစ်ခုခုလုပ်မိမှာလေ...
အဲ့လိုလုပ်မိရင် ယုန်ပေါက်လေးဘဲ
နာကျင်ရမှာ...ကိုယ်က ညှာတာမှာတော့
မဟုတ်ဘူးဗျာ''

ဘရိုက် သူ့ပေါင်ပေါ်ကနေ ဆက်ခနဲ
ထလိုက်သည်။သူလည်းလွှတ်ပေး
ထားတာကြောင့် အဟန့်အတားတော့
မရှိတော့ပေ။တစ်ဖက်မှာ ရို့ရို့လေး
ရပ်ပြီး လစ်ဟာနေတဲ့ ခန္ဓာကိုယ်ကို
ဆောင်ပါးပါးလေး ဆွဲယူအုပ်ပြစ်
လိုက်သည်။

ဘရိုက် သူ့အနားဘာကြောင့်ရောက်လာရလဲ...
ဘာလို့များ သူ့လိုလူနဲ့ဆုံတွေ့ရလည်းဆိုတာ
တွေးပြီး ဝမ်းနည်းမိသည်။
တော်တော် အတ္တကြီးပြိီး ကြောက်ဖို့ကောင်းတဲ့လူ...

တော်ပါသေးတယ် ကျောင်းတက်ဖို့
အခွင့်အရေးရလို့...အဲ့လိုဆို တစ်နည်းနည်းနဲ့တော့
ထွက်ပြေးလို့ရမှာဘဲလေ...

သိပ်မကြာခင် ရေချိုးဖို့ ရေချိုးခန်းထဲဝင်လာ
သည့်ဘရိုက် ကိုယ်ပေါ်က ဆောင်ကို ချွတ်ချလိုက်
ပြီး တန်းလေးမှာချိတ်ထားလိုက်သည်။
ခါးလောက်အထိ ရှိတဲ့မှန်အနားမတ်တပ်
ရပ်လိုက်ပြီး အတွေးတွေနဲ့ ရေမချိုးမဖြစ်ဘဲ
ငိုင်နေ၏။

ခန္ဓာကိုယ်တစ်ခုလုံးက သူလုပ်ထားတဲ့
မာကင် ရာတွေကြီးပြည့်နေသည်။
မနက်ဖြန်ဘယ်လိုဝတ်စုံမျိုးနဲ့ ဒီအရာတွေကို
ဖုံးသွားရမှာလည်း...

Vampire ခြွေတဲ့ အနမ်းကြမ်းWhere stories live. Discover now