Chapter ( 19 /20- final )

8.7K 219 13
                                    

🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
                  Part 19/20

🖤…^~🖤…^~🖤
သွားချင်တဲ့ နေရာပြောလို့ ခွင့်ပြုချက်ပေးလိုက်တာနဲ့
အခွင့်အရေးကိုစောင့်နေသူ ဘရိုက် က တစ်မြို့လုံး
နီးနီးကို လျှောက်ပတ်ခိုင်း၏။

ညနေနေရီချိန်တွင် အိမ်အပြန်လမ်း၌ မုန့်ဝင်စားကြ
ပြီးဆိုင်ထဲက အထွက် မိန်းကလေးတစ်ယောက်နဲ့
ဆုံတွေ့သည်။သူ ခပ်တည်တည်နဲ့ အရှေ့သို့​ခြေဦး
တည့်လိုက်လျင် တစ်ဖက်က ပြေးဝင်လာတဲ့ မိန်းကလေး
ဘရိုက် လက်ကိုလှမ်းဆွဲလာသည်။

ဘရိုက် ကလည်း သွားသေးသေးလေးတွေပေါ်အောင်
ပြန်ပြုံးပြ၍ စကားဖောင်ဖွဲ့ကြတာ ဘေးက သဝန်တို
နေတဲ့ သူ့ကိုပင် မေ့နေသည့် ခလေး...။
ဒီကလေးတော်တော်ဆိုးတယ်...

"လာလေ အအေးသောက်ရအောင်...''

"အခုဘဲ ဒယ်ဒီနဲ့ ဗိုက်အပြည့်စားပြီးပြီ
ငါသွားတော့မယ် အရိပ်ရေ..အဟွန်း
ကျောင်းမှာဆုံမယ်နော်...''

"အေးပါအေးပါ...''

မိနစ်သုံးဆယ်လောက် အထိ စကားများခဲ့ပြီးမှ
သူ့ကို သတိရ​သေးတဲ့ ခလေးကို သူ ပြုံးလည်း
မပြုံးပြတော့ဘဲ လက်ကိုဆွဲပြီးထွက်လာခဲ့သည်။

ဆံနွယ်တွေယိမ်းခါတဲ့အထိ ခန္ဓာကိုယ်လေးလှုပ်ကာ
လက်ကိုဆွဲဲပြီး ထွက်သွားတဲ့နှစ်ယောက်ကို ကြည့်ပြီး
သွားလေးအအေးပတ်မတက်ကြည့်ရင်း အရိပ်စစ်
ကျန်ရစ်ခဲ့သည်။

အမလေး နတ်ဖက်တဲ့စုံတွဲ
နတ်မဖတ်ပေးရင် ငါဖတ်ပေးမှာ...
အသဲယားလိုက်တာဟယ်...

ဆိုင်ကယ်ပေါ် မတင်ပေးပြီး ဦးထုပ်သေချာ
ဂရုတစိုက်ဆောင်းပေးနေပေမဲ့ V နဲနဲမှ
မပြုံး...ဒါကို ဘရိုက် သတိထားမိသွား၍
နီးနီးကပ်ကပ်ရှိနေတဲ့ သူ့မျက်နှာလေးကို
လက်နှစ်ဖက်နဲ့ညှစ်ကိုင်ပြီး နှုတ်ခမ်းလေး
ဆူကာ...

"ဒယ်ဒီ သား အမှားတစ်ခုခုလုပ်မိသွားလို့လား
ဒယ်ဒီ့ကိုကြည့်ရတာ သားကို စကားမပြောချင်ပုံဘဲ...
သား ဘာလုပ်မိလို့လဲဟင်...''

နှုတ်ခမ်းရဲရဲပါးပါးလေး လုံးလုံးလေးလုပ်ပြော
နေသည်။မျက်လွှာပင့်ကြည့်ပြီး ဘာမှမပြောဘဲ
ဆိုင်ကယ်ပေါ်တက်ခွကာ မောင်းထွက်လာခဲ့သည်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Sep 21, 2021 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Vampire ခြွေတဲ့ အနမ်းကြမ်းNơi câu chuyện tồn tại. Hãy khám phá bây giờ