🖤Vampire ခြွေတဲ့အနမ်းကြမ်း🖤
Part 16🖤…^~🖤…^~🖤
ထမင်းစားပြီး လမ်းအတူဆင်းလျှောက်ပြီး
အပေါ်သို့ပြန်တက်တော့ မလိုက်ချင်လိုက်ချင်
လေးပါ...သူကလည်း ရအောင်ခေါ်လာခဲ့ပြီး
အပေါ်ရောက်တော့ အခန်းတံခါး
သေချာပိတ်ပြီး ကုတင်ပေါ်ပြစ်လှဲ
ချလိုက်သည်။တံခါးရှေ့မှာခေါင်းလေးငုံ့ရပ်နေ
ဆဲ ဖြစ်တဲ့ ကောင်လေး ကို သူ ကြည့်ပြီး
အသဲတွေယားမိသည်။လှလွန်းတဲ့ မိန်းကလေးများစွာအား
သူ့ကို အသေရရအရှင်ရရ လိုချင်တဲ့သူနဲ့...
လူကြားထဲ လော်နဲ့အော်ပြီး ချစ်ရေးဆိုတဲ့
မိန်းကလေးနဲ့...တစ်ချို့ဆို ငိုယိုပြီး
ပန်းစည်းပေးကြသူတွေလည်းရှိတယ်...
ဒါပေမဲ့ သူ့မျက်လုံးထဲ ဒီကောင်လေးကိုကျမှ
အသေအလဲ သဘောကျသွားခဲ့သည်။
ဒီကောင်လေးကသာ သူ့မျက်လုံးထဲ
အလှဆုံးနဲ့ အချစ်ရဆုံးသူပါ။"ယုန်ပေါက်လေး...အိပ်တော့လေ
နောက်ကျနေမယ်...''တစ်ခွန်းဘဲပြောရသေးတယ် ကုပ်ကုပ်လေး
လာလှဲလေ၏။ဘရိုက်နဲ့ သူ့ ကြားအလည်မှာ
ဖက်လုံးနှစ်လုံးဆင့်လိုက်ပြိီး ကိုယ့်ကိုယ်ကို
ဆောင်နဲ့ရစ်ပတ်ကာ သေသေချာချာကာကွယ်
ပြီး မျက်လုံးလေးမှိတ်ပြစ်လိုက်သည်။
မအိပ်ချင်သေးလို့ ပြန်ဖွင့်ကြည့်မှာ
ဘယ်လိုအုပ်မိုးလိုက်လဲမသိတဲ့သူ
အပေါ်မှာ အုပ်မိုးပြီးလျက်သား စိုက်ကြည့်
နေမှာတော့ ဘရိုက် လန့်ဖျန့်သွားရ၏။"ဒယ်ဒီ...''
"ဘာမှမလုပ်ပါဘူးကွာ...
ကိုယ်လဲ ယုန်ပေါက်လေးကို
လိုက်ဖမ်းရလွန်းလို့ မောပြီး လုပ်လဲ
မလုပ်နိုင်ပါဘူး...မကြောက်နဲ့...
ကိုယ် ဒီတိုင်းလေးကြည့်ချင်လို့ပါ''နှုတ်ခမ်းလေး မဲ့ပြီး မျက်နှာလေး ရှုံ့တွတွနဲ့
မျက်ရည်လေးတွေစီးကျလာတဲ့ အပြာရောင်
မျက်ဝန်းတောက်တောက်လေးကို သူ ကြည့်ပြီး
စိတ်ထဲမကောင်းပါ။"ဘာလို့လဲ ခလေးရဲ့...''
"ဒယ်ဒီ...''
"ဗျာ...ပြောလေး ခလေးရဲ့''
ကတုန်ကရင်လေးခေါ်တော့ မေးလေးငေါ့၍
လေသံဖြင့်ထူးလိုက်သည်။
YOU ARE READING
Vampire ခြွေတဲ့ အနမ်းကြမ်း
VampireAuthor - Vampire ရေးသားသော " Vampire ခြွေသောအနမ်းကြမ်း" intro ကို စာရေးသူက မရေးလို့ မတင်ပါဘူး ဖတ်ချင်တယ်ဆိုရင် ဖတ်ပေးကျပါ မင်မင်ရေးတဲ့ fic မဟုတ်ပါဘူး တခြားသူရေးထားတာပါ သူ့ fic ကို ခိုးတာလဲ မဟုတ်ပါဘူး မင်မင်က တနေရာထဲမှာစုပီးဖတ်ချင်လို့ပါ နားလည်ပေးဖိ...